Connect with us

North America

တေလာဆွစ်နှင့် One Direction အဖွဲ့တို့ အမေရိကန် တေးဂီတဆု ရရှိ

အမေရိကန် ပြည်ထောင်စုမှ One Direction အမျိုးသား ပေါ့ပ် အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလစ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တေလာဆွစ်နှင့် အမျိုးသား ပေါ့ပ် အဖွဲ့ One Direction တို့သည် လော့စ်အိန်ဂျလစ်မြို့လယ်ကောင်ရှိ မိုက်ခရိုဆော့ ကဇာတ်ရုံ တွင် ပြုလုပ်သည့် ၂၀၁၅ အမေရိကန် တေးဂီတဆု (AMAs) များ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဆွစ်သည် Black Space သီချင်းဖြင့် တေးဂီတဆု၊ ၁၉၈၉ ဖြင့် အကြိုက်ဆုံး ပေါ့ပ်/ရော့ခ် အယ်လ်ဘမ် ဆုများ အပါအဝင် AMA ဆုပေါင်း ၁၉ ခု ရရှိခဲ့သည်။

One Direction အဖွဲ့ကမူ နှစ်ယောက်တွဲ သို့မဟုတ် အဖွဲ့လိုက် ပေါ့ပ်/ရော့ခ် အကြိုက်ဆုံးဆုနှင့် ယခုနှစ် အတွက် အနုပညာ အပြောင်မြောက်ဆုံး ဆု စသည့် ဆုနှစ်ဆုအား ဆွတ်ခူူး နိုင်ခဲ့သည်။

“နှစ်နှစ် ဆက်တိုက် ဒီဆုတွေ ရရှိတဲ့အတွက် မယုံကြည်နိုင်လောက်အောင် ဝမ်းသာပါတယ်၊ ဒါဟာ ကျွန်တော် တို့ Fan တွေရဲ့ ဘယ်လောက်တောင် မယုံကြည်နိုင်ဖွယ် ရှိသလဲဆိုတာ သက်သေ ပြလိုက်တာပါပဲ” ဟု One Direction အဖွဲ့က ပြောကြားလိုက်သည်။

အဆိုတော် Nicki Minaj ကလည်း အကြိုက်ဆုံး ရက်ပ်/ဟစ်ဟော့ အမျိုးသမီး ထူးချွန်ဆုနှင့် အယ်လ်ဘမ် နှစ်ဆု၊ The Weekend ကလည်း အကြိုက်ဆုံး Soul/R&B ဆုနှစ်ဆု၊ ပေါ့ပ်နှင့် ရော့ခ် ဂီတအတွက် အကြိုက ဆုံး အမျိုးသားနှင့် အမျိုးသမီး ဆုများကိုမူ Ed Sheeran Ariana Grande တို့လည်း ဆု အသီးသီး ဆွတ်ခူးခဲ့ သည်။

အမေရိကန် တေးဂီတ ဆုအား ၁၉၇၃ ခုနှစ်တွင် စတင်ပေးအပ်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် အရေးပါဆုံး တေးဂီတဆု တစ်ခုလည်း ဖြစ်သည်။ ဆုရရှိသူများအား လူထုနှင့် ကြည့်ရှုသူများထံမှ ဆန္ဒခံယူ၍ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.