Connect with us

North America

နယူးယောက်မြို့ဟက်ဆန်မြစ်ထဲရဟတ်ယာဉ်ပျက်ကျ ၊ ရဟတ်ယာဉ်မှူးကို ဆယ်ယူနိုင်ခဲ့


နယူးယောက် ၊ မေ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ဟတ်ဆန်မြစ်ထဲသို့မေ ၁၅ ရက် မွန်းလွဲပိုင်းက ရဟတ်ယာဉ်တစ်စင်းဆင်းသက်စဉ် ရထဲကျရောက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းရဟတ်ယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ခန့်တွင် မန်ဟက်တန်မြို့၏ အနောက်ဘက် လမ်း ၃ဝ နှင့် ဟတ်ဆန်မြစ်ဘေး ရဟတ်ယာဉ်ကွင်းအား ဆင်းသက်စဉ် မြစ်ရေပြင်ထဲသို့ချော်ကျသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာ နှင့် အာဏာပိုင်များက ပြောကြားခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် ရဟတ်ယာဉ်မှူးတစ်ဦးတည်းသာလိုက်ပါလာခဲ့ကြောင်း ၊ ၎င်းမှာ လွတ်မြောက်သွားခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း နှင့် ဒဏ်ရာအနည်းငယ်သာ ရရှိသွားကြောင်း နယူးယောက်မြို့မီးသတ်ဌာန(FDNY)၏ ပြောကြားချက်အရ သိရသည်။

မြေပြင်ပေါ်ရှိ ရဟတ်ယာဉ်ကွင်းမှ အမှုထမ်းတစ်ဦးလည်း ရဟတ်ယာဉ်အပိုင်းအစများ ထိခိုက်ခဲ့မှုကြောင့် ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း FDNY က ဆိုသည်။

နယူးယောက်မြို့ဟတ်ဆန်မြစ်ထဲ ပျက်ကျသွားသော ရဟတ်ယာဉ်အား ဆယ်ယူနေစဉ်(ဆင်ဟွာ)

မြစ်ထဲသို့ချော်ကျသွားသော ရဟတ်ယာဉ်မှာ ရဟတ်ယာဉ်များတွင်အကောင်းဆုံးဟု မကြာခဏပြောကြားလေ့ရှိကြသည့် နယူးယောက်မြို့အခြေစိုက် Blade ဒီဂျစ်တယ်စွမ်းအင် လေကြောင်းပျံသန်းရေးကုမ္ပဏီမှ ပိုင်ဆိုင်သော Bell206 ရဟတ်ယာဉ်တစ်စင်းဖြစ်ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများ အလျင်အမြန်သွားရောက်ခဲ့ကြောင်း နှင့် အာဏာပိုင်များက အချင်းဖြစ်ဧရိယာအတွင်းမှ မော်တော်ယာဉ်သွားလာမှု နှင့် လူများဖြတ်သန်းသွားလာမှု မပြုရန် အကြံပြုခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117