Connect with us

North America

အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် အမေရိကန်က ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ဖေဖော်ဝါရီလတွင် (၁)သိန်းနီးပါးရှိ

ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်း Cofradíaမြို့တွင် ဗဟိုအမေရိက ပြည်သူများက လမ်းမကြီးအတိုင်း မြောက်ဘက်သို့ ဦးတည်သွားလာကြရာ မက္ကဆီကိုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ဝင်ရောက်နိုင်ကြိုးပမ်းလျက်ရှိသည်ကို ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နှင့် မက္ကဆီကို နယ်စပ်တွင် ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေအတွက်သည် ဖေဖော်ဝါရီလတွင် (၁)သိန်းနီးပါးရှိကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလသည် ၂၀၁၉ ခုနှစ် ဇွန်လမှစ၍ အမေရိကန်က အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူဦးရေအများဆုံးလဖြစ်ကြောင်း ၊ ထိန်းသိမ်းထားသူအရေအတွက်မှာ ဇန်နဝါရီထက် (၂)သောင်းခန့် ပိုများကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်း Cofradíaမြို့တွင် ဗဟိုအမေရိက ပြည်သူများက လမ်းမကြီးအတိုင်း မြောက်ဘက်သို့ ဦးတည်သွားလာကြရာ မက္ကဆီကိုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ဝင်ရောက်နိုင်ကြိုးပမ်းလျက်ရှိသည်ကို ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုလ ၃ ရက်နေ့ တစ်ရက်ထဲတွင် အမေရိကန်-မက္ကဆီကို နယ်စပ်၌ ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (၄,၅၀၀)ကျော်ရှိရာ မတ်လတွင် အမေရိကန်သို့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူဦးရေ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီဝင် ဂျိုးဘိုင်ဒန်သည် ဇန်နဝါရီ ၂၀ ရက်က အမေရိကန်သမ္မတရာထူးတာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ယခင် ရီပတ်ဘလစ်ကန်ပါတီဝင် သမ္မတဟောင်း ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ပယ်ဖျက်မှုများ ပြုလုပ်ခဲ့သည်။ ဘိုင်ဒန်၏ မူဝါဒအသစ်တွင် အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းကာရံခြင်းကို ရပ်တန့်ရန်၊ ရွှေ့ပြောင်းနေထိုင်ရန်လျှောက်ထားမှုတွင် မိသားစုအတင်းအကျပ်ခွဲခြားသည့် မူဝါဒကို ဖျက်သိမ်းရန်၊ အစ္စလာမ်မစ်နိုင်ငံများကို ဦးတည်သည့် ပြည်ဝင်ခွင့်ကန့်သတ်ချက်ကို ဖျက်သိမ်းရန်တို့ ပါဝင်ကြောင်း သိရသည်။

ရီပတ်ဘလစ်ကန်ပါတီက ဘိုင်ဒန်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဝေဖန်ထားပြီး ယင်းမူဝါဒကြောင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာနိုင်သည်ဟု ယူဆထားကြသည်။ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင် Kevin McCarthy က မတ် ၅ ရက်တွင် ဘိုင်ဒန်အား စာတစ်ဆောင်ပေးပို့ခဲ့ပြီး အစိုးရအသစ်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ဆောင်မှုကို အထူးဂရုစိုက်မိကြောင့် ဘိုင်ဒန်နှင့်အတူ မျက်နှာချင်းဆိုင်ဆွေးနွေးသွားလိုကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်မှစ၍ ဗဟိုအမေရိကတိုက်မှ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူများ အဆက်မပြတ်များပြားလာခဲ့သည်။ ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနှင့်အယ်လ်ဆာဗေးဒိုနိုင်ငံများမှ ပြည်သူအချို့သည် ဆင်းရဲနွမ်းပါးခြင်း၊ အကြမ်းဖက်မှုများပြားခြင်းများကြောင့် လမ်းလျှောက်၍သော်လည်းကောင်း ၊ ကားကြုံလိုက်စီး၍သော်လည်းကောင်း ကီလိုမီတာထောင်ချီ အကွာအဝေကို ခရီးနှင်ကာ မက္ကဆီကိုမှ တစ်ဆင့် အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းကြကြောင်း သိရသည်။(Xinhua)
…………………………………………
(Chinese Version)
美国2月在美墨边境拘留近10万非法移民
2021-03-07 09:38:58
  新华社北京3月7日电(记者安晓萌)美国政府两名消息人士向媒体披露,执法人员2月在美国与墨西哥边境拘留接近10万非法移民。
路透社报道,今年2月是2019年6月以来美国在美墨边境拘留非法移民最多的月份,比1月拘留人数多出约2万。
报道说,本月3日一天内,4500多名非法移民在美墨边境被拘留,显示3月非法入境美国者人数可能继续上升。
  民主党人约瑟夫•拜登1月20日就任美国总统以来,逆转前任共和党籍总统唐纳德•特朗普的多项移民政策。新政策包括停止修筑美墨边境墙、取消移民申请家庭强制分离政策、取消针对部分伊斯兰国家人员入境限制等。
  2018年以来,中美洲赴美移民规模不断扩大。洪都拉斯、危地马拉和萨尔瓦多一些民众因贫困、暴力泛滥等原因,以步行和搭乘顺风车等方式,行进数千公里,寻求经由墨西哥入境美国。
图说1: 1月15日,在洪都拉斯北部城市科夫拉迪亚,中美洲民众在当地公路上向北行进,希望能够经由墨西哥进入美国。(新华社发)