Connect with us

North America

ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော အမေရိကန် သင်္ဘောသား ရုပ်အလောင်းမှ အကြွင်းအကျန်များကို ဇာတိဒေသသို့ ပြန်လည်သယ်ဆောင်

USS Oklahoma စစ်သင်္ဘောနှင့် အတူ သေဆုံးသွားခဲ့သူများအတွက် ကဗျည်းစာတမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ချီကာဂို၊ မေ ၉ ရက် (ဆင်ဟွာ)

၁၉၄၁ ခုနှစ်တွင် ဂျပန် စစ်တပ်က တိုက်ခိုက်ခဲ့သည့် ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော အမေရိကန် သင်္ဘောသား၏ ရုပ်အလောင်းမှ အကြွင်းအကျန်များကို ဇာတိဒေသဖြစ်သည့် အိုင်အိုဝါပြည်နယ်သို့ ပြန်လည် သယ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

၁၉၄၁ ခုနှစ်တွင် USS Oklahoma စစ်သင်္ဘောဖြင့် ထွက်ခွာလာသည့် မီးသတ်သမား ဝီလီယံ အိတ်ချ် ကနေဒီသည် ပုလဲဆိပ်ကမ်း၌ အသတ်ခံခဲ့ရသည်။ ၎င်း၏ ရုပ်အလောင်းမှ အကြွင်းအကျန်များအား ယခုနှစ် အစောပိုင်းက မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ခဲ့ကြောင်း အိုင်အိုဝါ ရေဒီယိုက မေလ ၈ ရက်တွင် သတင်းတင်ပြခဲ့သည်။

ကနေဒီ၏ ရုပ်အလောင်းမှ အကြွင်းအကျန်များအား အိုင်အိုဝါသို့ ယခုသီတင်းပတ်အတွင်း ပြန်လည်သယ်ဆောင်ကာ မြေမြှုပ် သဂြိုလ်မည် ဖြစ်သည်။ ၎င်း၏ ဈာပန အခမ်းအနားအား မေလ ၁၂ ရက်တွင် ၎င်း၏ မွေးရပ်မြေဖြစ်သော Kossuth နယ်မြေ Titonka မြို့၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

စစ်သင်္ဘောမှ ကျန်ရှိနေသေးသော ရုပ်အလောင်း အကြွင်းအကျန်ကို မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ၂၀၁၅ ခုနှစ်က စတင်ခဲ့သော အစီအစဉ် တစ်ခုအတွင်း ဒီအင်န်အေ ဆန်းစစ်သူများမှတဆင့် ကျဆုံးသွားသည့် သင်္ဘောသား ဖြစ်ကြောင်း သိရှိခဲ့သည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ဂျပန်က ဟာဝိုင်အီ ပုလဲဆိပ်ကမ်းအား ရုတ်တရက် ဝင်ရောက် တိုက်ခိုက်စဉ် တော်ပီဒိုများဖြင့် ပစ်ခတ်မှုကြောင့် Oklahoma စစ်သင်္ဘော နစ်မြှုပ်ခဲ့သည်။ အဆိုပါ သင်္ဘော နစ်မြှုပ်မှုတွင် သင်္ဘောသား ၄၀၀ ကျော် သေဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.