ဘေရွတ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းရှိ ဇေလီမြို့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ဟိုက်ဘရစ်လျှပ်စစ်ကားလေးစီးကို ဇွန် ၂၈ ရက်က စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ ယင်းမြို့တွင် လေထုညစ်ညမ်းမှုမြင့်တက်လာသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် လျှပ်စစ်ကားများကို သုံးစွဲ၍ ပြေးဆွဲခြင်းဖြစ်သည်ဟု မြို့တော်ဝန် အဆတ်ဒ်ဇန်ဟစ်က ပြောကြားသည်။ နိုင်ငံအတွင်း...
ဘေရွတ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) အစ္စရေး စစ်လေယာဉ်များက လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် အောက်တိုဘာ ၁၅ ရက်က ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်နှစ်စင်းပစ်ခတ်ခြင်းဖြင့် Marwahin မြို့စွန်အား ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန် စစ်တပ်အရင်းအမြစ်များက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်နှင့် ကင်းထောက်လေယာဉ်က လက်ဘနွန်နိုင်ငံ၏ လေပိုင်နက်ပေါ်တွင် ပျံသန်းသွားစဉ်...
ဂျေရုဆလမ် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အစ္စရေးတိုက်ခိုက်သိမ်းယူထားသည့် ဂိုလန်ကုန်းမြင့်နှင့် လက်ဘနွန်-ဆီးရီးယား နယ်စပ်လမ်းဆုံရှိ အငြင်းပွားနေသည့် နေရာတစ်ခုဖြစ်သည့် Shebaa Farms ရှိ အစ္စရေးတည်နေရာများသို့ အောက်တိုဘာ ၈ ရက် နံနက်အစောပိုင်းတွင် ဒုံးကျည်များနှင့်အမြောက်ကျည်များ ပစ်ခတ်ခဲ့ကြောင်း လက်ဘနွန်စစ်တပ်ထောက်လှမ်းရေးအရင်းအမြစ်များက ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။ လက်တုံ့ပြန်သည့်အနေဖြင့်...
လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အခြေအနေတင်းမာလာမှု အရှိန်အဟုန်ကို မြင့်တက်စေနိုင်သော မည်သည့်လှုပ်ရှားမှုမဆို ရှောင်ကြဉ်ရန် လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) ခေါင်းဆောင် Aroldo Lazaro Saenz က လက်ဘနွန်နိုင်ငံ နှင့် အစ္စရေးနိုင်ငံတို့အား တောင်းဆိုကြောင်း မတ် ၂၀ ရက်တွင် ထပ်မံပြောကြားခဲ့သည်။ လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) သည်...
လက်ဘနွန်နိုင်ငံတွင် ကာလဝမ်းရောဂါ ပျံ့နှံ့မှုကို တားဆီးရန် ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားသူများက အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ သန်း ခွဲဝေသတ်မှတ်ထားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။(Xinhua) ……………………………… (English Version) UN and humanitarians allocate 9.5 million USD to...
ဘေရွတ် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ပြည်တွင်းငွေကြေးစနစ် ပြိုလဲခြင်း နှင့် နေထိုင်မှုအခြေအနေများ ပိုမိုဆိုးရွားခြင်းတို့ကို ဆန့်ကျင်သည်အနေဖြင့် လက်ဘနွန်နိုင်ငံတစ်ဝှမ်း နိုဝင်ဘာ ၂၉ ရက်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း National News Agency က ဖော်ပြခဲ့သည်။ ဆန္ဒပြသူများသည် စွန့်ပစ်ကွန်တိန်နာများ ၊ ကားတာယာများအား...
ဘေရွတ် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပြတ်လပ်မှု ကြုံတွေ့နေရချိန်တွင် နိုင်ငံရှိ စွမ်းအင်စီမံကိန်းများတွင် ယင်း၏ ကုမ္ပဏီများအား ပါဝင်ရေး တရုတ်နိုင်ငံက အားပေးတိုက်တွန်းသွားရန် အဆင်သင့်ရှိကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Qian Minjian က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း လက်ဘနွန်နိုင်ငံရှိ...
ဘေရွတ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ရေနံစက်ရုံတစ်ရုံ၏ လောင်စာဆီသိုလှောင်ကန်တစ်ခု၌ အောက်တိုဘာ ၁၁ ရက်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လောင်စာဆီ ၂၅၀,၀၀၀ လီတာခန့် ဆုံးရှုံးခဲ့ကြောင်း အမျိုးသားသတင်းအေဂျင်စီ(NNA) က ဖော်ပြခဲ့သည်။ al-Zahrani ရေနံစက်ရုံ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုသည် လောင်စာဆီ...
ဘေရွတ် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က လက်ဘနွန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် နိုင်ငံတွင်း ကျန်းမာရေးဝန်ထမ်းများ ပြည်ပထွက်ခွာသွားခြင်း(ဦးနှောက်ယိုစီးမှု) နှင့် ဆေးပစ္စည်းများ ၊ လောင်စာဆီ ရှားပါးပြတ်လပ်မှုတို့ကြောင့် ပြိုကျမည့်အန္တရာယ် ရှိနေကြောင်း စက်တင်ဘာ ၁၉ ရက်တွင် သတိပေးပြောကြားခဲ့သည်။ ကျွမ်းကျင်ဆရာဝန် ၄၀ ရာခိုင်နှုန်းနီးပါး နှင့်...
ဘေရွတ် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံသည် နိုင်ငံအတွင်း စွမ်းအင်ပြတ်လပ်မှု လျော့ပါးစေရေး ရည်ရွယ်သော လှုပ်ရှားမှုတစ်ခုအဖြစ် အီရန်နိုင်ငံမှ လောင်စာဆီများ သယ်ဆောင်လာသည့် ဆီတင်ယာဉ်များကို စက်တင်ဘာ ၁၆ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ဒေသတွင်း al-Manar ရုပ်သံလိုင်း၏ ထုတ်လွှင့်မှုအရ သိရသည်။