ဗီယင်ကျန်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက မသန်စွမ်းကလေးများ ပိုမိုကောင်းမွန်သော သင်ကြားရေးရလဒ်များ ရရှိစေရန်အတွက် သင်ကြားရေးနည်းလမ်းများ အဆင့်မြှင့်တင်ရန် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း လာအိုပညာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ဇွန်...
ဗီယင်ကျန်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) လာအိုအစိုးရသည် လာအိုနိုင်ငံ ခရီးသွားနှစ် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် နိုင်ငံ့ခရီးသွား လုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ မူဝါဒသည် ခရီးသွားအေဂျင်စီများနှင့်အတူ လိုက်ပါလာသည့် တရုတ်ခရီးသွားများကို အဓိကထား ရည်ရွယ်ခြင်းဖြစ်ကြောင်း...
ဗီယင်ကျန်း၊ မေ ၃၀ ရက် (ဆင်ဟွာ) လာအိုအစိုးရသည် ၂၀၂၅ ခုနှစ်မတိုင်မီ နိုင်ငံတစ်ဝန်း သစ်တော ဖုံးလွှမ်းမှု ၇၀ ရာခိုင်နှုန်းရရှိရေး ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်း အဖြစ် ၂၀၂၄ ခုနှစ်အတွင်း မြေဧက ၄၂ ,၀၀၀ တွင် သစ်ပင်ပေါင်း ၃၄ သန်းစိုက်ပျိုးသွားရန် ပြင်ဆင်နေကြောင်း...
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် မေ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိသော အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု ဆွတ်ခူးရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ မေ...
ဗီယင်ကျန်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) လာအိုနိုင်ငံမြောက်ပိုင်း ဆာရာဘရီပြည်နယ်တွင် မုန်တိုင်းဝင်ရောက်တိုက်ခတ်မှု ဖြစ်ပွားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ကြွေကျမှုဖြစ်ပွားသဖြင့် ကျေးရွာ ၂၀ မှ နေအိမ် ၅၂၀ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ လာအိုနိုင်ငံ အဆိုပါပြည်နယ်သို့ ဧပြီ ၂၃ ရက် ဒေသစံတော်ချိန်...
ကူမင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) တရုတ်-လာအိုရထားလမ်းက ဧပြီ ၂၁ ရက်အထိ သွင်းကုန်ပို့ကုန် ကုန်ပစ္စည်း တန်ချိန် ၈ သန်းကျော် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံမှ တင်သွင်းသော ဒူးရင်းသီးများကို တရုတ်-လာအိုရထားလမ်း၏ လန်ချန်း-မဲခေါင် အဝေးပြေးဝန်ဆောင်မှုမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ဧပြီ ၂၁ ရက်က တင်သွင်းခဲ့သည်။...
ဗီယင်ကျန်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတွင် ဆုန်ခရန်ပွဲတော် သို့မဟုတ် လာအိုနှစ်သစ်ကူးပွဲတော်ကျင်းပလျက်ရှိသည်။ ယခုနှစ် ဧပြီ ၁၃ ရက်မှ ၁၈ ရက်အထိကျင်းပသော လာအိုနှစ်သစ်ကူးပွဲတော်သည် နိုင်ငံအတွင်း အရေးပါသောပွဲတော်တစ်ခုလည်း ဖြစ်သည်။ အဆိုပါ ရိုးရာနှစ်သစ်ကူးပွဲတော်ဆင်နွှဲရန် အစီအစဉ်များစွာ ပါဝင်ကြောင်း သိရသည်။ (Xinhua) ………………………………………………...
ဗီယင်ကျန်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) စတင်ဖွင့်လှစ်ခဲ့သည်မှာ အချိန်တစ်နှစ်ရှိပြီဖြစ်သော တရုတ်-လာအိုရထားလမ်းသည် လာအိုနိုင်ငံရှိ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးပြီး ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေးကာ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်လည်း တည်ငြိမ်သော အင်အားအဖြစ် ပံ့ပိုးပေးလျက်ရှိသည်။ တရုတ်-လာအိုရထားလမ်းကို ၂၀၂၃ ခုနှစ် ဧပြီ ၁၃...
ဗီယင်ကျန်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် မဲခေါင်မြစ်တစ်လျှောက် မိသားစုများ၊ မိတ်ဆွေများနှင့်အတူ လာရောက်အပန်းဖြေကာ ပျော်ရွှင်စရာအချိန်များ ဖန်တီးနေကြသူများကို တွေ့ရသည်။ မဲခေါင်မြစ်ရေ၏ အေးမြမှုက ပူပြင်းခြောက်သွေ့မှုကို ဖယ်ရှားပေးကာ လာရောက်အပန်းဖြေသူများကို စိတ်လက်ပေါ့ပါးစေခဲ့သည်။ (Xinhua) အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/SrS …………………………………………………….....
နန်နင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာအိုပါတီ ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် ဧပြီ ၃ ရက်က ကွမ်ရှီးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့...