နယူးဒေလီ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် အိန္ဒိယနိုင်ငံ နေရာအနှံ့အပြား၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ခြင်း၊ မြေပြိုခြင်းနှင့် ရွှံ့သဲကျောက်ရေစီးဆင်းခြင်းစသည့် ဘေးအန္တရာယ်များ ဖြစ်ပွားနေရာ လက်ရှိတွင် သေဆုံးသူ အနည်းဆုံး ၂၀၀ ရှိပြီး လူအများအပြားပျောက်ဆုံးနေကြောင်း သိရသည်။
မွမ်ဘိုင်း၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများကြောင့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာ(Kerala)ပြည်နယ် နှင့် ကာနာတာကာ(Karnataka)ပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ အနည်းဆုံး လူ ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ သြဂုတ် ၁၀ ရက် သတင်းများ အရ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရ်ှ(Himachal Pradesh)ပြည်နယ် ဆိုလန်(Solan)ဒေသ၌ ဇူလိုင် ၁၄ ရက်က ဖြစ်ပွားသော အဆောက်အဦပြိုကျမှုတွင် သေဆုံးသူဦးရေသည် ၁၄ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဇူလိုင်လ ၂ ရက် ဒေသစံတော်ချိန် နံနက် ၂း၀၀ နာရီက ခြံစည်းရိုးနံရံပြိုကျခဲ့ပြီး လူ ၁၃ ဦးသေဆုံးကာ အခြားလူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ မေ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံံအတွင်းကျင်းပပြီးစီးခဲ့သော ၁၇ ကြိမ်မြောက်အထွေထွေရွေးကောက်ပွဲတွင် အိန္ဒိယဝန်ကြီး ချုပ်မိုဒီ၏ ဘာရာတီယာ ဂျာနာတာ ပါတီ (Bharatiya Janata Party –BJP) ပါတီက အနိုင်ရရှိသွားခဲ့ ကြောင်းရွေးကောက်ပွဲကော်မရှင်(ECI)က၎င်း၏လက်ကိုင်ဖုန်း application မှတစ်ဆင့်မေလ ၂၄ ရက် နံနက် ကထုတ်ပြန်ကြေညာခဲ့သည်။
နယူးဒေလီ၊ မေ ၃ ရက် (ဆင်ဟွာ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်တီ (Fani) သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဥဒစ္စပြည်နယ် ကုန်မြေပေါ်သို့ မေလ ၃ ရက်တွင် စတင်ဝင်ရောက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်းဥသာပရာဒက်ရှ်ပြည်နယ်တွင် ဧပြီလ ၂၀ ရက် အစောပိုင်းက ခရီးသည်တင် ရထားတစ်စင်း တွဲချော်မှုကြောင့် ခရီးသည် ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
မွန်ဘိုင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Maharashtraပြည်နယ်၊ Nashik ခရိုင်တွင် မတ်လ ၁၀ ရက်နေ့မွန်းလွဲပိုင်းက ကျားသစ်တစ်ကောင်တိုက်ခိုက်မှုကြောင့် သစ်တောအရာရှိတစ်ဦးအပါအဝင် လူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတ်လ ၁၁ ရက်နေ့တွင် သတင်းတွင်ဖော်ပြချက်အရ သိရသည်။
နယူးဒေလီ၊ဧပြီ၁ (ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ မက်ဟာပရာဒက်ရှ် ပြည်နယ်တွင် မတ်လ ၃၁ ရက်ညက အဆောက်အအုံ တစ်ခုပြိုကျခဲ့ရာဧပြီလ ၁ ရက်နံနက်၌သေဆုံးသူ ၁၀ ဦးအထိမြင့်တက်လာကာကယ်ဆယ်ရေးအသင်း များအနေဖြင့် သေဆုံးသူများ၏အလောင်းများနှင့် အသက်ရှင်ကျန်ရစ်သူများကို တွေ့ရှိနိုင်ရေးအပြင်း အထန်ကြိုးစားလျက်ရှိကြကြောင်းသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပင့်ဆောင်လာသည့် အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသမှ မြတ်စွာဘုရား၏ အရိုးဓာတ်တော်သည် မြန်မာနိုင်ငံတွင် ၇ရက်ကြာ အပူဇော်ခံမည်ဖြစ်ကြောင်း သီတဂူဗုဒ္ဓတက္ကသိုလ်မှ သတင်းရရှိသည်။