ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) စစ်ကိုင်း တိုင်းဒေသကြီး အတွင်း ကြက်ငှက် တုပ်ကွေးရောဂါ H9N2 ကြောင့် ကြက်ကောင်ရေ နှစ်သောင်းကျော် ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးထံမှ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) မုံရွာ ကြက်မွေးမြူရေးဇုန်အတွင်း H9N2 ရောဂါပိုးသစ် တွေ့ရှိရသဖြင့် ရောဂါကင်း၍အသေ အပျောက် မရှိသေးသော ကြက်ခြံများကို စောင့်ကြည့်၍ ဇီဝလုံခြုံရေးကို ယခင် ထက် အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။