ဥရောပသမဂ္ဂ (အီးယူ) ၏ တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် ပြည်ပထောက်ပံ့မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့် လုပ်ထုံးလုပ်နည်းများမှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးများဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0kI …………………. (English Version)...
နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ တည်တည်ငြိမ်ငြိမ်ဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန်အတွက် အမေရိကန်နှင့် အပြန်အလှန်ဆွေးနွေးမှုများ လုပ်ဆောင်ကာ ပူးပေါင်းဆောင်ရွက်သည့် နယ်ပယ်များကို ချဲ့ထွင်၍ အမြင်မတူညီမှုများကို ကိုင်တွယ်စီမံရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း တရုတ်အစိုးရတာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Y07 ………………………………………………………….....
ချန်ရှား၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ချန်ရှားအကောက်ခွန်ဌာန၌ စက်တင်ဘာ ၈ ရက်က မဒါဂတ်စကာနိုင်ငံမှ သိုးသားပို့ကုန်အား အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ တရုတ်နိုင်ငံက အာဖရိကမှ ပထမဆုံးသိုးသားတင်သွင်းမှုနှင့် တရုတ်-အာဖရိက အသားကုန်သွယ်မှုတွင် အရေးပါသော အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)...
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံက အာဖရိကနိုင်ငံများနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာနက်ရှိုင်းစေရန် ဆက်လက်လုပ်ဆောင်ခဲ့ရာ ပို့ကုန်၊ သွင်းကုန်ပမာဏ လျင်မြန်စွာတိုးတက်လာခဲ့ကြောင်း စက်တင်ဘာ ၂ ရက်တွင် အကောက်ခွန်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ...
ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ်ဆန်သော ငွေကြေးအထောက်အပံ့များ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အယူခံ တရားသူကြီးအဖွဲ့ ရွေးချယ်ရာတွင် အစဉ်တစိုက် နှောင့်ယှက်ခြင်းနှင့် သွင်းကုန်များအပေါ် မြင့်မားသော အခွန်နှုန်းထားများ သတ်မှတ်ခြင်းတို့သည် ကုန်သွယ်ရေးစစ်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာမည်ကို ကမ္ဘာတစ်ဝန်း၌ စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်ဟု...
ဗီယင်ကျန်း၊ မတ် ၆ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ အဆင့်မြင့်အရာရှိများသည် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် တွေ့ဆုံခဲ့ကြကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးတက်မှုရှိစေရန် ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှုကို တွန်းအားပေးခဲ့ကြကြောင်း သိရသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် အာဆီယံ သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေး လုပ်ငန်းအဖွဲ့၏...
ဗီယင်ကျန်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် လာအို၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အားကောင်းစေမည့်နည်းလမ်းများ ဆွေးနွေးရန်လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို ဩဂုတ် ၂၂ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး လာအိုနိုင်ငံ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်း...
လားဆ ၊ မေ ၂ ရက်(ဆင်ဟွာ) တရုတ်-နီပေါ နယ်စပ်ရှိ Zham ဆိပ်ကမ်းသည် မေ ၁ ရက်တွင် အပြန်အလှန် ကုန်သွယ်မှုများအား ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ ယွမ် ၁၀၀,၀၀၀ ကျော်(အမေရိကန်ဒေါ်လာ ၁၄,၄၄၂ ) တန်ဖိုးရှိ ကုန်စည်များ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်သုံးစီးသည် နီပေါနိုင်ငံမှ...
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅.၃၅ ဘီလီယံကျော်ရရှိခဲ့ပြီး ယမန်နှစ်ကထက် ၁၂.၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် ၂၀၂၂...
ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန် စသည့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံကြား ကုန်သွယ်ရေးသည် ခိုင်မာသော တိုးတက်မှုအရှိန်ကို ထိန်းထားလျက်ရှိကြောင်း တရုတ် စီးပွားရေးဝန်ကြီး ဝမ်ဝန်ထောင်းက ဧပြီ ၁၈ ရက်က ပြောကြားခဲ့သည်။...