တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌက သတင်းစာဆရာများအား ကျေးဇူးတင်ကြောင်း ပြောကြား
ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ အသစ်ခန့်အပ်ခြင်းခံရသော ဥက္ကဋ္ဌ လီကျန့်ရှူး (Li Zhanshu) က NPC သို့ တက်ရောက်သတင်းယူခွင့်ရသည့် သတင်းစာဆရာများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ၂၀၁၈ ခုနှစ်အတွင်း အလုပ်အကိုင် ၁၃ သန်းကျော် ဖန်တီးပေးမည်ဟု ဝန်ကြီးချုပ် လီခဲ့ချန် ဆို
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း မြို့ပြ အလုပ်အကိုင်အသစ်ပေါင်း ၁၃ သန်းကျော် ဖန်တီးနိုင်ရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံက ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန် ပြောကြား
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်ကာ အင်အားချဲ့ထွင်မှုအား ဘယ်သောအခါမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လေးဦးအား ခန့်အပ်
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဟူချွန်ဟွာ (Hu Chunhua) အား တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် လျူဟဲ (Liu He) အား တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်များအဖြစ် ဟန်ကျန့် (Han Zheng) ၊ စွန်ချွန်လန်း (Sun Chulan) ၊ ဟူချွန်ဟွာ (Hu Chunhua) နှင့် လျူဟဲ (Liu He) တို့အား ဒုတိယဝန်ကြီးချုပ်များအဖြစ် လက်ရှိကျင်းပနေဆဲ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးအတွင်း မတ်လ ၁၉ ရက်တွင် ခန့်အပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
တရုတ်နိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်ကောင်စီဝင် ငါး ဦးကို အမည်စာရင်းတင်သွင်း
ပေကျင်း ၊ မတ် ၁၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်(Li Keqiang) က ယနေ့(မတ်လ ၁၉ ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် အမျိုးသားဥပဒေပြုရေး နှစ်ပတ်လည်အစည်းအဝေး ၏ မျက်နှာစုံညီအစည်းအဝေး၌ ဝေ့ဖုန့်ဟော် (Wei Fenghe) ၊ ဝမ်းယန် (Wang Yong) ၊ ဝမ်ရိ (Wang Yi) ရှောင်ကျယ် (Xiao Jie) နှင့် ကျောက်ခဲ့ကျစ်(Zhao Kezhi) တို့ငါး ဦးအား နိုင်ငံတော်ကောင်စီဝင်များအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ၎င်းတို့အား နိုင်ငံတော်ကောင်စီဝင် (state councilors) များအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။(Xinhua)
လီခဲ့ချန်ကို တရုတ်နိုင်ငံဝန်ကြီးချုပ်အဖြစ် ထောက်ခံရွေးချယ်
ပေကျင်း ၊ မတ် ၁၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယ သမ္မတ အဖြစ် ဝမ်ရှီစန်းအား ရွေးကောက်တင်မြှောက်
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)
၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး ၌ မတ် ၁၇ ရက် တွင် ဝမ်ရှီစန်းအား တရုတ်နိုင်ငံ၏ ဒုတိယ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။
လီကျန်ဆူးအား ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)
၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး ၌ မတ် ၁၇ ရက် နံနက်ပိုင်းတွင် လီကျန်ဆူးအား NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။