မော်စကို၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ပါးလ်မိုင်ယာမြို့အနီးရှိ အစွန်းရောက်အဖွဲ့တစ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုကို ရုရှားလေတပ်က ပြီးခဲ့သည့်ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်နက်ကိုင် (၂၀၀)ခန့် ရှင်းလင်းခဲ့ကြောင်း ဆီးရီးယားပဋိပက္ခညှိနှိုင်းမှုဆိုင်ရာ ရုရှားစင်တာက ဧပြီ ၁၉ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရာမလာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းရှိ West Bank အနောက်ဘက်ကမ်း နယ်မြေ Nablus မြို့မှ မိသားစုဝင် ၃၂ ဦးပါဝင်သော မိသားစုတစ်ခုသည် ကရာတေး လေ့ကျင့်မှုတွင် အကြီးဆုံးမိသားစုအဖြစ် အတည်ပြုနိုင်ရန် ရည်ရွယ်လျက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအတွက် လျှောက်ထားမှု ပြီးစီးခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအားလုံးအနေဖြင့် မေ ၁ ရက်မှစတင်ကာ COVID-19 ကာကွယ်ဆေးထိုးနှံခွင့် ရရှိမည်ဖြစ်ကြောင်း ဖက်ဒရယ်အစိုးရက ဧပြီ ၁၉ ရက်၌ ပြောကြားခဲ့သည်။

ပေကျင်း၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ရုရှား-ယူကရိန်း ဆက်ဆံရေး တင်းမာမှုမြင့်တက်နေချိန် ဗြိတိန်က စစ်သင်္ဘော(၂)စီး ပင်လယ်နက်သို့ စေလွှတ်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာ၏ ဧပြီ ၁၈ ရက် သတင်းများအရ သိရသည်။

မော်စကို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ချက်ပြည်သူ့သမ္မတနိုင်ငံက ရုရှားသံတမန် ၁၈ ဦးအား နှင်ထုတ်ခဲ့သည်ကို အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ချက်သံတမန် ၂၀ ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဒါကာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဧပြီ ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀၂ ဦး နှင့်အတူ ယခုထိ COVID-19 ကြောင့် အသေအပျောက်အများဆုံးနေ့ ဖြစ်ကြောင်း သိရသည်။

ကိုင်ရို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မြောက်ပိုင်းရှိ မြစ်ဝကျွန်းပေါ်မြို့လေးဖြစ်သည့် Toukh မြို့တွင် ဧပြီ ၁၈ ရက်က ရထားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၁ ဦးသေဆုံးပြီး အခြား ၉၈ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံမှ ဝယ်ယူထားသော Sinovac COVID-19 ကာကွယ်ဆေး ဒုတိယသုတ်သည် ဖနွမ်းပင်မြို့သို့ ဧပြီ ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းအခြေအနေ ပိုမိုတင်းမာလာသည့်အချိန် ပင်လယ်နက်ရှိစစ်ရေးတည်ရှိမှုကို ရုရှားနိုင်ငံက အားဖြည့်ဆောင်ရွက်လာခဲ့သည်။ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် ရုရှားကက်စပီယံစစ်သင်္ဘောအုပ်စု သင်္ဘော (၁၅)စီးသည် ဧပြီ ၁၇ ရက်က ခက်ချ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားမြောက်ပိုင်းရေယာဉ်အုပ်စုမှ ကမ်းတက်စစ်ဆင်ရေးရေယာဉ် (Landing Ship) နှစ်စီးကို ပင်လယ်နက်သို့ စေလွှတ်ခဲ့ကြောင်း ရိုက်တာသတင်းများ၏ ဖော်ပြချက်များအရ သိရသည်။

လန်ဒန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကွယ်လွန်သွားပြီဖြစ်သည့် ဗြိတိန်မင်းသားကြီးဖိလစ်၏ ဈာပနအခမ်းအနားကို ဧပြီ ၁၇ ရက်က ဝင်ဆာရဲတိုက် စိန့်ဂျော့ခ်ျဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။