23
Sat, Sep
714 New Articles

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် များ အတွက် ကျပ်ငွေ သန်း ၁၀၀ လှူဒါန်း သည် အခမ်းအနား ကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ရုံးချုပ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ အစိုးရ ကိုယ်စား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ကြက်ခြေနီ အသင်း ထံ သို့ ပေးအပ် လှူဒါန်း ခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ကမ္ဘာ အရပ်ရပ်မှ တရုတ် ကုန်သည် လုပ်ငန်းရှင်များ တက်ရောက်ကြသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ တရုတ် ကုန်သည်များ ညီလာခံအား မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် အဖြစ် စက်တင်ဘာ ၁၆ ရက်တွင် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဖွင့်ပွဲအခမ်းအနားအားစတင် ကျင်းပခဲ့သည်။

ပေကျင်း ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျန်းသယ်ကျန်း (Zhang Dejiang) က စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းအချိန်တွင် မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် ပြည်သူ့ခန်းမကြီး တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီး ရောက်ရှိ နေသည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) က တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု အား ကောင်းမွန်သည့် ကျန်းမာရေး လက်ဆောင် ပေးအပ်လိုကြောင်း တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြစ်သော ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသစ် အကြိုဖွင့်ပွဲ အခမ်းအနား တွင် ပြောကြား ခဲ့သည်။

 

ရန်ကုန် ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း နှစ် (၉၀) ပြည့် အခမ်းအနား ကို ဇူလိုင်လ ၂၈ ရက်ညပိုင်း အချိန် တွင် ရန်ကုန် မြို့ရှိ Sule Shangri-La ဟိုတယ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး တို့ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

ရန်ကုန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် "ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့" ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ဇွန်လ ၈ ရက်နေ့ညပိုင်း အချိန်တွင် ရန်ကုန်မြို့ Sule Shangri-La ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

နေပြည်တော် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု လုပ်ဆောင်ရာတွင် နှစ်နိုင်ငံ ပြည်သူလူထု အကျိုးကို ပိုမို ခံစားနိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့ မေ ၂၇ ရက်တွင် ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရန်ကုန် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အလုပ်အမှုဆောင်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိလာသော တရုတ်  ပြည်သူလူထု ၏ ပြည်ပ နိုင်ငံများ ချစ်ကြည်ရေး အသင်း (THE CHINESE PEOPLE’S ASSOCIATION FOR FRIENDSHIP WITH FOREIGN COUNTRIES,CPAFFC) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှဲယွမ် (Mr.Xie Yuan) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကို  မလ ၂၂ ရက်နေ့ တွင် Summit partview Hotel ၌ တွေ့ဆုံ ခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်သည့် ချစ်ကြည်ရေး ခရီးစဉ် သည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး  မေလ ၂၁ ရက် ၊ နေ့လည် ၁၁ နာရီ အချိန်တွင် သီလဝါ ဆိပ်ကမ်း မှ ပြန်လည် ထွက်ခွာ သွားခဲ့ရာ ညနေပိုင်းအချိန်တွင် မုတ္တမ ပင်လယ်ကွေ့ ၌ မြန်မာ့ တပ်မတော်(ရေ) နှင့် စစ်ရေးပူးပေါင်း လေ့ကျင့်မှု တစ်ရပ် ပြုလုပ်ခဲ့သည်။

Page 1 of 3