Connect with us

Environment, Disasters & Accidents

ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးပေါ်တွင်ဘုရားဖူးခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ၂ဝဦး ဒဏ်ရာရရှိ

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာအနီး ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဘုရားဖူးခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာအုပ်စု ပဲကြီးကျေးရွာအနီး ပုသိမ်-မုံရွာအဝေးပြေးလမ်းမကြီးတွင် မုံရွာဘက်မှ ပုသိမ်ဘက်သို့ ယာဉ်မောင်း ဇော်မင်း(၅၁)နှစ် သာကေတမြို့နယ်နေသူ မောင်းနှင်သော ဘုရားဖူးခရီးသည် တင်ယာဉ်သည် လမ်းဖြတ်ကူးနေသော ဘဲငန်းများကိုရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက် သွားခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်ပါခရီးသည် အမျိုးသား ငါးဦး၊ အမျိုးသမီး ၂၃ ဦးအနက် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး ကျန်ခရီးသည် များမှာ ဒဏ်ရာများအသီးသီးရရှိသဖြင့် ထုံးဘိုကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.