ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တတိယ အကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/ ၂ဝ၁၇) တွင် ဆွေးနွေး သဘောတူညီခဲ့ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ...
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်း၌ ပထမဆုံးမောင်းသူမဲ့ရထား ကို ယခုနှစ်မကုန်မီ ပြေးဆွဲတော့မည်ဖြစ်သည်။ ထိုမောင်းသူမဲ့ရထားပြေးဆွဲမည့် ရထားလမ်းအတွက် ပြည်တွင်းဖြစ်ပစ္စည်းများဖြင့် တည်ဆောက်တပ်ဆင်ထားခြင်းဖြစ်သည်။၁၆.၆ ကီလိုမီတာအရှည်ရှိသည့် ရန်ဖန် ရထားလမ်းတွင် မောင်းသူမဲ့ရထားများကိုပြေးဆွဲခြင်းဖြင့် ဒေသနေပြည်သူများအဆင်ပြေချောမွေ့စေရန်ရည်ရွယ်သည်။ မောင်းသူမဲ့ရထားကို အဆိုပါ ရထားလမ်းတွင် အမြန်ဆုံးတစ်နာရီလျင် ၈ဝ ကီလိုမီတာ ပြေးဆွဲနိုင်မည်ဖြစ်ပြီး...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရီယိုဒီဂျနေရိုး ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ ဇွန်လ ၂၂ ရက်က ဖြစ်ပွားခဲ့သော ကားလေးစီးဆင့်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၁ ဦးထိ မြင့်တက်ခဲ့ပြီး ဒဏ်ရာရသူဦးရေမှာလည်း ၂၂ ဦးထိရှိခဲ့ကြောင်း ဘရာဇီး အာဏာပိုင်များက ဆိုသည်။
ဟနွိုင်း ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်၌ စိတ်ကြွဆေးပြား ၅,ဝဝဝ ပြား နှင့် မူးယစ်ဆေး ၁ ကီလိုဂရမ် တို့ကို နဂါးမောက်သီးအတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် ဗီယက်နမ်နိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းမီဒီယာက...
အစ္စလာမ်မာဘတ်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက်ရှိ ကွက်တာမြို့ရှိ ရဲ စစ်ဆေးရေးဂိတ်တစ်ခုအနီး ဇွန်လ ၂၃ ရက်က အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ငွေကျပ် ၅ဝဝ တန် အောင်ဘာလေထီ လက်မှတ်များကို ဈေးတင် ရောင်းချသဖြင့် တိုင်ကြားခံရသော ဆိုင်ပေါင်း ၁၃ဝ ကျော် သတိပေးခံရကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲ(ရန်ကုန်)ထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီးအတွင်း မုန်တိုင်းမိုးနှင့် မုတ်သုံမိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေများရေကြီးရေလျှံမှုနှင့် ဆည်တမံများအတွင်း ရေများတိုးမြင့် ဝင်ရောက်လာမှုများ ရှိခဲ့ရာ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရင်းရှည်တမံနှင့် မန်းတမံဆည်ကြီးများ၏ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှု မဖြစ်စေရေး ရေကင်းများ အချိန်ပြည့်တာဝန်ချထားပြီး တာဝန်ရှိသူများအနေဖြင့် အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း...
ဂွာတီမာလာ စီးတီး၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ဂွာတီမာလာနိုင်ငံ အန်တီဂွာမြို့တွင် ဇွန်လ ၂၂ ရက် အစောပိုင်းက ပြင်းအား ၆.၈ အင်အားရှိသော ငလျင် တစ်ခု လှုပ်ခတ်မှုကြောင့် ခရီးသွား ဧည့်သည်များ လာရောက်လေ့ရှိသော နိုင်ငံ၏ အထင်ကရ အဆောက်အဦများ ပျက်စီးခဲ့ရကြောင်း ဒေသခံ...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းအားဆယ်ယူရာ၌ ပါဝင်သော ရေငုပ်သမားတစ်ဦး ကွယ်လွန်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။