တိုကျို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်း နာဂါနိုစီရင်စု တွင် ကနဦးတိုင်းတာချက် အရ ရစ်ချ်တာစကေး ၅.၇အင်အားရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဋ္ဌာန က ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် နစ်မြုပ်သွားသူများ အားလုံးကို ဖြစ်နိုင်သည့် နည်းလမ်းများ အားလုံး အသုံးပြု၍ ကယ်ဆယ်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ညွှန်ကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြန်မာလက်ရွေးစင်အသင်းသည် အာဆီယံထိပ်သီး ထိုင်းလက်ရွေးစင်အသင်းနှင့် မန္တလေးမြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ်ပုံမှန်အစည်းအဝေးမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်မည်ဖြစ်ကြောင်း ယနေ့အစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်မွေးစားခံရခြင်းဘေး၊ခုတုံးလုပ်ခံရခြင်းဘေးနှင့် ထောင်လွှားခြင်းဘေး ဘေးသုံးဘေးကို ရှောင်လွားရန်လိုအပ်ပြီးယင်းဘေးသုံးဘေးကို ရှောင်လွှားရန် NLD၏...
ချန်ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ဘက်တွင် ယနေ့ (ဇွန်လ ၂၄ ရက်) နံနက်ပိုင်းတွင် မြေပြိုမှု ဖြစ်ပွားပြီး ငါးနာရီအကြာတွင် မိသားစု တစ်စုမှ အသက်ရှင်သူ သုံးဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် တူရကီ နိုင်ငံတို့မှ လေကြောင်းလိုင်းများသည် နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ၁၄ ကြိမ် ပျံသန်းနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ Turkish Airlines (တူရကီလေကြောင်းလိုင်း) တွင် လေယာဉ်အစင်း ၃၄ဝ ကျော်ရှိပြီး...
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တပ်မတော်အတွင်းအရွယ်မရောက်သေးသူကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိရာ ၆၇ ဦးစိစစ်တွေ့ရှိခဲ့ပြီး စိစစ် ဖော်ထုတ်ရရှိသော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ် ပွဲကို ရန်ကုန်မြို့၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ကျင်းပခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြန်မာ့ ရွှေထည်နှင့် ရွှေထည်လက်ဝတ်ရတနာ အရောင်းအဝယ်ကဏ္ဍ တွင် အာမခံစနစ်၊ ဘဏ်စနစ်များ အသုံးပြုနိုင်မှုမရှိခြင်းကြောင့် ယုံကြည်မှုဖြင့်သာလည်ပတ်နေပြီး၊ ထုတ်လုပ်ရောင်းဝယ်မှု ကိန်းဂဏန်း မရရှိခြင်းကြောင့် မူဝါဒချမှတ်ရာတွင် ခက်ခဲနေကြောင်း ထို့ကြောင့် ရွှေဗဟိုဈေးကွက် တည်ထောင်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ...
ဒါကာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှ ၃၀၄ ကီလိုမီတာအကွာရှိ ရန်ပါးရ်ခရိုင်တွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းက ခရီးသည် အလွန်အကျွံ တင်ဆောင်လာသော ထရပ်ကား တစ်စီးမှာ လမ်းမတစ်ခုဘေးသို့ ချော်ကျခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး...