ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသည့်ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲတွင် မီတာ၄ x၁၀၀မီတာလက်ဆင့်ကမ်းပြေးပွဲတွင် တရုတ်အမျိုးသား နှင်၌အမျိုးသမီး တို့ အရည်အချင်းပြည့်မီ၍ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
မနီလာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ ဂူမာကာမြို့ရှိ အဝေးပြေးလမ်းမတွင် ဝက်ဂွန် (Wagon) ကားတစ်စီးနှင့် ကုန်တင်ထရပ်ကားတစ်စီးတို့ အောက်တိုဘာလ ၅ ရက် အရုဏ်မတက်မီက တိုက်မိခဲ့ရာ လူ ၅ ဦးသေဆုံး၍ အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အရှေ့ပိုင်း ဂျာပါခရိုင်တွင် တရုတ်-နီပေါ ချစ်ကြည်ရေး စက်မှုဥယျာဉ်အတွက် နီပေါရင်းနှီးမြှုပ်နှံမှုအဖွဲ့ (IBM) နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Damak Clean စက်မှုဥယျာဉ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တိုင်ယွန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံမြောက်ပိုင်းရှန်ဇီပြည်နယ်အတွင်းရှိ တိုင်ယွန်ဂြိုဟ်တုလွှတ်တင်ရေး စခန်းမှ ၎င်း၏သုတေသနဂြိုဟ်တုတစ်စင်းကို အာကာသအတွင်းသို့ အောက်တိုဘာလ ၅ ရက်၊တရုတ် စံတော်ချိန် နံနက် ၂း၅၁ နာရီတွင်လွှတ်တင်ခဲ့ကြောင်း သတင်းများအရသိရသည်။
ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရော့ခ်အင်န်ရိုး (Rock‘n’Roll) မာရသွန်ထက်ဝက်အပြေးပြိုင်ပွဲ (ခေါ်) အကွာအဝေး ၂၁ ဒသမ ၀၉၇၅ ကီလိုမီတာ အပြေးပြိုင်ပွဲအား တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Olympic Forest Park တွင် နိုဝင်ဘာလ၌ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာလ ၃ ရက်ကစ၍...
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတန်ဖိုးစိစစ်ရေးအဖွဲ့မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဧရိယာအတွင်းရှိ သိမ်းဆည်း လယ်မြေတစ်ဧက ကျပ်သိန်း(၁၀၀)နှုန်းနှင့် ရန်ကုန်မြို့တော်ပြင်ပရှိ မြို့နယ်များတွင် လျော်ကြေးငွေနှုန်းထားမှာ ကျပ်(၁၅)သိန်းမှ သိန်း(၁၀၀)အထိ၊ လမ်းမကြီးဘေးမြို့နယ်အတွင်း ကျေးရွာအတွင်းကျရောက်သည့် နေရာဒေသအလိုက် ခွဲခြားသတ်မှတ်၍ မြေယာလျော်ကြေး ပေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး...
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)အတွင်းရှိ ၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇၊ ၁၄၀ ရပ်ကွက်များတွင် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ရေလွှဲမြောင်း (Box Culvert) (၃၅)ခု ဆောင်ရွက်ရန် လျာထားတင်ပြထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့လယ်ရှိ ခေါင်းဆောင်များ မိန့်ခွန်းပြောကြားရာ ထျန်းအန်းမင်ရင်ပြင်စင်မြင့်အား တစ်နှစ်ကျော်ကြာ ပြန်လည်ပြုပြင်ပြီးနောက် အောက်တိုဘာလ ၃ ရက်တွင် လေ့လာသူများအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာ ၃ ရက်က ကျပ် သိန်းပေါင်း ၂၅,၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ဟနွိုင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရှိ အထင်ကရနေရာ ၃၀ ခုတွင် ဆေးလိပ်သောက်သူများအား ယခုလကစ၍ တွေ့သည့်နေရာ၌ ဗီယက်နမ်ငွေ ဒေါင် ၃၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ) ဒဏ်ငွေရိုက်ခံရမည်ဖြစ်ကြောင်း ဟနွိုင်းမြို့အာဏာပိုင်များက ပြောခဲ့သည်။