ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ Orinda မြို့ရှိ အိမ်တစ်အိမ်တွင်ပြုလုပ်သည့် တစ္ဆေကြီးည ပါတီပွဲတွင် အောက်တိုဘာလ ၃၁ ရက် ညတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ လူလေးဦးသေဆုံးခဲ့ပြီး လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KTVU ဒေသခံတီဗွီသတင်းတွင် နိုဝင်ဘာလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ဟနွိုင်၊ နိုဝင်ဘာလ ၂ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် လော်ရီကားတစ်စီးဖြင့်သယ်လာသောကုန်သေတ္တာတစ်ခုအတွင်းအစုလိုက်အပြုံလိုက် သေဆုံးနေကြသော ဗီယက်နမ်လူမျိုး ၃၉ ဦးနှင့်ပတ်သက်၍ ပျောက်ဆုံးနေသော၎င်းတို့မိသားစုများ၏ တိုင်ကြားချက်များအရဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဟာတင်းပြည်နယ်တွင် ရဲတပ်ဖွဲ့က လူနှစ်ဦးကိုဖမ်း ဆီးထားခဲ့ကြောင်းသိရသည်။
ဟဲပေ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲပေမြို့တွင် တည်ဆောက်နေသည့် xiongan ရထားဘူတာ ၏ မြေအောက် အုတ်မြစ် ကို စတင်တည်ဆောက်နေပြီဟုသိရသည်။ xiongan ရထားဘူတာမှာ အကျယ်အဝန်းအားဖြင့် ဘောလုံးကွင်း ၆၆ ကွင်းစာ ပမာဏရှိပြီး xionganမြို့နှင့် ပေကျင်းမြို့တို့ကို ချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်းပိုင်း အတွက်...
တက်ရ်ကန့်၊နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အဖွဲ့ဝင်နိုင်ငံများ ဝန်ကြီးချုပ်အစည်းအဝေးသို့ တက်ရောက်သည့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်နှင့် တက်ရှ်ကန့်(Tashkent)တွင် နိုဝင်ဘာ ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တက်ရှ်ကန့်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပိုမိုပျံသန်းနိုင်ရေးအတွက် မျှော်လင့်ကြောင်း နိုဝင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။
ဟာဗားနား၊နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှတည်ဆောက်ပေးသည့် ဝန်တင်အားတန်ချိန် ၂ ၂,၀၀၀ရှိသော ရေပေါ်သင်္ဘောကျင်း (floating dry dock) ကို အောက်တိုဘာ ၃၀ ရက်က China National Machinery Import and Export Corporation(CMC)မှ ကျူးဘာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အကြီးဆုံးသင်္ဘောကျင်းသို့...
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ ကို ၂.၁.၂၀၂၀ ရက်နေ့မှ ၇.၁.၂၀၂၀ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။