ချင်းနိုင်၊အိန္ဒိယ၊အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရနြ္ဒာမိုဒီ တို့သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချင်းနိုင်မြို့၌ အောက်တိုဘာ ၁၁ ရက် နှင့် ၁၂ ရက် တို့တွင် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံပြီး အနာဂတ်ကာလ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖြစ်ထွန်းစေရန် ဆေွးနွေးခဲ့ကြကြောင်းသိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်း ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟူချွန်ဟွာ (Hu Chunhua) နှင့် တာဂျစ်ကစ္စတန်နိုင်ငံဒုတိယဝန်ကြီးချုပ် Davlatali Said တို့ အောက်တိုဘာလ ၁၄ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးဌာနက နိုဝင်ဘာလတွင် အသစ်တည်ထောင်မည့် “သတင်းတု တုန့်ပြန်ရေးစင်တာ” အား အစိုးရအရာရှိ ၄၀ ဦးက လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကြေညာလိုက်သည်။
ကွမ်ကျိုး၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ၁၂၆ ကြိမ်မြောက် ကွမ်ကျိုးသွင်းကုန်ထုတ်ကုန်ကုန်စည်ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကျင်းပမည် ဖြစ်ရာ ယခုကျင်းပမည့်ကုန်စည်ပွဲတော် ရှိသွင်းကုန်ပြပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် ကုမ္ပဏီလုပ်ငန်းများက ပါဝင်မှုအများဆုံး ဖြစ်ကြောင်း ၎င်းကုန်စည်ပွဲတော်ဖွင့်ပွဲ သတင်းစာရှင်းလင်းပွဲမှ သိရသည်။...
နယူးဒေလီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း အက်တာ ပရာဒက်ရှ်ပြည်နယ်၊ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၀ ဦးသေဆုံးခဲ့ကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ ၁၄ရက်သတင်းများတွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာ သီတင်းကျွတ် မီးထွန်းပွဲတော် ကာလ ဖြစ်သော သီတင်းကျွတ် လပြည့်နေ့ ၊ အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့မဟာ ဗန္ဓုလ ပန်းခြံ နှင့် ရေကျော် သီတင်းကျွတ် မီးထွန်း ပွဲတော်တို့တွင် မီးအလှဆင် ထွန်းညှိထားမှုများ...
အော့တဝါ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) သည် သေချာမသိရသည့် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုကြောင့် တိုရန်တိုမြို့တွင် အောက်တိုဘာ ၁၂ ရက်က ရွေးကောက်ပွဲ စည်းရုံးရေး၌ ကျည်ကာအင်္ကျီ ဝတ်ဆင်ခဲ့ကြောင်း ဒေသခံ CTV မီဒီယာအရ သိရသည်။
ဒါကာ ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်မှ အရှေ့တောင်ဘက် ၂၉၂ ကီလိုမီတာအကွာ ၊ ကော့ဘဇားခရိုင်(Cox’s) အတွင်းရှိ Nidania AD သေနတ်ပစ်ကွင်း၌ အောက်တိုဘာ၁၃ ရက်တွင် အော်လီကွန်(Oerlikon) လေယာဉ်ပစ်အမြောက် (လေကြောင်းရန်ကာကွယ်ရေးလက်နက်)ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဟေပေ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟေပေပြည်နယ် ရှီးကျားကျွမ်းတွင် ကျင်းပလျက်ရှိသည့် 2019 China International Digital Economy Expo တွင် AMOLED နည်းပညာသုံး ခေါက်နိုင်ဖြန့်နိုင်သည့် မျက်နှာပြင်များ တပ်ဆင်ထားသည့် နောက်ဆုံးပေါ်နည်းပညာမြင့် မော်တော်ယာဉ် ကို စိတ်ဝင်စားမှုမြင့်တက်ခဲ့ကြောင်း သိရသည်။ ...