ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) Wang Dewen ဆိုသည့် လက်သမားဆရာတစ်ဦးသည် ၎င်း၏ ချစ်လှစွာသော မြေးဖြစ်သူအတွက် သစ်သားဖြင့် ကစားစရာများ၊ အသုံးအဆောင်များကိုဖန်တီးပေးခဲ့သည်။ လက်ရာမြောက်လှသည့် ၎င်း၏ လက်ရာကြောင့် တရုတ်လူမှုကွန်ရက်များပေါ်တွင် ကျော်ကြားလျှက်ရှိသည်။ (Xinhua)
ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၀ ခုနှစ်၊ မတ်လတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီနိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက HPV ကင်ဆာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပေးမည့် ပထမဆုံး ပြည်တွင်းထုတ် ကာကွယ်ဆေးတစ်မျိုး ကို ထောက်ခံ အတည်ပြုခဲ့ကြောင်း အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲမှုဌာန (NMPA) ၏ ထုတ်ပြန်ချက် အရသိရသည်။
ဂျကာတာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၃ ဦးသေဆုံးကာ လူဦးရေ ၄၃,၃၉၀,၀၀၀ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး ယာဉ်တစ်စီးချောက်အတွင်းပြုတ်ကျခဲ့ရာ လူ၂၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာပြပွဲ-၂၀၂၀ (3rd Yangon International Gems & Jewellery Fair 2020)ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌...
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များအတွင်း တရားမဝင် ကျောက်မျက်တူးဖော်သူများနှင့် ယာဉ်ယန္တရားများ သိမ်းဆည်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၁၀၆ ဦးသေဆုံးကာ ၁,၀၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား စစ်ရေးလေ့ကျင့်မှုစတင်ရန် အမိန့်ကြေညာချက်တစ်စောင်ကို ဇန်နဝါရီ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ဗဟိုစစ်ကော်မရှင်(CMC) ၏ ပထမဦးဆုံးထုတ်ပြန်သော အမိန့်တစ်ရပ်ဖြစ်ကြောင်း သိရသည်။