ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ တွင် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထုတ်ပြန်သော သတင်းအရသိရသည်။
ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံထိပ်တန်းတပ်မှူး ဗိုလ်ချုပ် Qasem Soleimani သည် ယနေ့(ဇန်နဝါရီ ၃ ရက်) နံနက်အစောပိုင်းတွင် အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်၌ အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အီရတ်နိုင်ငံပိုင် ရုပ်သံက သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဟူချွမ်းဟွာက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတိုက်ပွဲ အောင်နိုင်ရေးအတွက် အားလုံး ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ကတ်ပြားများကို အသုံးပြုကာ domino effect ဖြင့် လှပစွာပုံဖော်ဖန်တီးထားသည့် မြင်ကွင်းရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) သံကြိုးတံတားများပေါ်တွင် စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းသွားလာသည့် မြင်ကွင်းများကိုရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
နေပြည်တော်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၀၀၀ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတိုက်ဖျက်ရေးဗဟိုကော်မတီ (CCDAC) မှ ဇန်နဝါရီ ၂ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ် ဒီဇင်ဘာလ အတွင်း လူကုန်ကူးမှုပေါင်း ၁၆ မှု၊ လူကုန်ကူးခံရသူပေါင်း ၃၃ ဦးနှင့် တရားခံပေါင်း ၄၀ ဦး အားဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ဇန်နဝါရီလ ၂ ရက် တွင် သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်သော ယန်ဇီမြစ်အတွင်းရှိ ဇီဝမျိုးကွဲများအား ကာကွယ်ရန် မြစ်အတွင်းရှိ အဓိကနေရာများတွင် ငါးဖမ်းခွင့် ၁၀ နှစ်တာပိတ်ပင်မှုအား ဇန်နဝါရီ ၁ ရက်၌ စတင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အချို့ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ မအိပ်မနေစာကျက်နိုင်ရန်အတွက် မူးယစ်ဆေး၀ါးမှန်း မသိဘဲ ဆေး၀ါးများ တိုက်ကျွေးနေခြင်းကို ကြားသိရသောကြောင့် ကျောင်းသားများကို အားဆေးမတိုက်မီ ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်ကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်သည်။