Africa & Middle East
အာဖဂန်နစ္စတန်နိုင်ငံ ဗလီပေါက်ကွဲမှုကြောင့် လူ ၂၁ ဦးသေဆုံး
ကဘူးလ်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ဗလီတစ်ခုတွင် သြဂုတ် ၁၇ ရက်ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂၁ ဦးသေဆုံးပြီး ၃၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က သြဂုတ် ၁၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗလီသည် ကဘူးလ်မြို့ အမှတ် ၁၇ ရဲနယ်မြေတွင် တည်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားစဉ် လူအများက ဗလီအတွင်း ဘာသာရေးဆိုင်ရာ ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ကဘူးလ်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Khalid Zadran က သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယခုအချိန်အထိ မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေးကြောင်း သိရသည်။
မကြာသေးမီက အာဖဂန်နစ္စတန်နိုင်ငံရှိ နေရာအများအပြားတွင် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး အသေအပျောက် အများအပြား ရှိကြောင်းသိရသည်။ ၎င်းဖြစ်ရပ်များအနက် စာသင်ကျောင်း၊ ဗလီနှင့် ဘတ်စ်ကားတို့ကို ပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုများကို အိုင်အက်စ်အဖွဲ့က ပြုလုပ်ခဲ့သည်ဟု ၎င်းတို့က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(Chinese Version)
阿富汗首都一清真寺爆炸致21死33伤
新华社喀布尔8月18日电(记者邹学冕)阿富汗警方18日证实,首都喀布尔一座清真寺17日晚发生爆炸,造成21人死亡、33人受伤。
喀布尔警方发言人哈立德•扎德兰18日在声明中说,发生爆炸的清真寺位于喀布尔第十七警区,当时人们正在清真寺内进行宗教活动。
目前,尚无任何组织或个人声称制造了这起爆炸事件。
近期,阿富汗各地爆炸事件频发,造成大量人员伤亡。其中,极端组织“伊斯兰国”声称制造了数起以学校、清真寺和公交车为目标的爆炸袭击事件。(完)
4月29日,阿富汗首都喀布尔一座清真寺遭袭击,造成10人死亡,20人受伤。图为人们聚集在受伤者接受治疗的医院门外。新华社发(塞夫拉赫曼•萨菲摄)