Connect with us

Africa & Middle East

ချက်ဒ်နိုင်ငံတွင် အကျဉ်းထောင်ယာဉ်တန်း တိုက်ခိုက်ခံရ၍ လူ ၁၀ဦးသေဆုံး

Koro Toro အကျဉ်းထောင် အပြင်ဘက်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချက်ဒ်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ချက်ဒ်နိုင်ငံမြို့တော် N’Djamena မြို့တွင် ဧပြီ ၁၂ ရက် နံနက်ပိုင်းက အကျဉ်းသားများလိုက်ပါလာသော ယာဉ်တန်းတစ်ခုအား တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၉ဦးနှင့် လုံခြုံရေးဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း ချက်ဒ်နိုင်ငံ ရှေ့နေချုပ်ကပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အခြား လူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရရှေ့နေချုပ် Louapambe Mahouli Bruno ကပြောကြားခဲ့ပြီး တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချခဲ့သည်။Bruno က လွတ်မြောက်သွားသော တိုက်ခိုက်သူများ နှင့် တိုက်ခိုက်မှုကြောင့် လူစုကွဲ ပျောက်ဆုံးနေသည့် အကျဉ်းသားများကို ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။အကျဉ်းသား စုစုပေါင်း ၉၃ဦးအား N’Djamena မြို့ ရှိ အကျဉ်းထောင် မှ နိုင်ငံမြောက်ပိုင်းရှိ Koro Toro အကျဉ်းထောင်သို့ ပို့ဆောင်နေစဉ် ယင်းကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။Bruno က ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ရန် N’Djamena မြို့ အစိုးရရှေ့နေရုံးက တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117