Connect with us

Local

ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြား

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် မတ်တပ်ရပ်နေသည့် သူများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ယမန်နှစ်ကထက် ၂၁၄ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က “အစက ရောဂါတွေလည်းရှိတော့ ခရီးသွားလာမှုသိပ်မရှိကြဘူးပေါ့။ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလာတာက COVID-19 ရောဂါကလည်း တဖြည်းဖြည်းနဲ့ ကင်းစင်လာပြီပေါ့ဗျာ။ ခရီးသွားလုပ်ငန်းတိုးတက်ခြင်းက တခြားဆက်စပ်လုပ်ငန်းတွေကိုပါအကျိုးရှိစေတယ်။ အခုလို ခရီးသွားလာမှုအရေအတွက် တိုးတက်လာရတာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပူးပေါင်းပါဝင်ပေးတာကြောင့်လည်း ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ မတ် ၁၅ ရက်တွင်ပြောသည်။

ရန်ကုန်မြို့လယ်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၃၅,၇၂၂ ဦးဝင်ရောက်ခဲ့ပြီး၊ ယမန်နှစ်ကာလတူတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၁,၃၇၂ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဝင်ရောက်ခဲ့သော နိုင်ငံခြားသားခရီးသွားဧည့်သည်များထဲမှ ၁၇,၈၈၄ဦးမှာ လေကြောင်းလိုင်းဖြင့်ဝင်ရောက်ခဲ့ပြီး ၊ အပျော်စီးသင်္ဘောဖြင့် ဝင်ရောက်ခဲ့သူ ၈၉ ဦး၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်ခဲ့သူ ၁၇,၄၂၁ ဦးရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၃၃,၄၈၇ ဦးရှိကြောင်းသိရသည်။ မြန်မာနိုင်ငံသို့ COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ကာလဖြစ်သော ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၄.၃၆ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ၂၀၂၀ပြည့်နှစ်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၉၀၀,၀၀၀ ဦးဝင်ရောက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် ၁၃၀,၀၀၀ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117