Connect with us

Africa & Middle East

လစ်ဗျား နိုင်ငံ Tajura ဒေသ ကမ်းခြေတွင် ဒုက္ခသည် ရုပ်အလောင်း ၂၅ လောင်း ကို တွေ့ရှိ

လစ်ဗျား နိုင်ငံ ပင်လယ်ပြင် တွင် ကမ်းခြေစောင့် တပ်ဖွဲ့ မှ ဒုက္ခသည် များအား ကယ်တင်ခဲ့စဉ်(ဆင်ဟွာ)

တူနီးရှား ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

လစ်ဗျား နိုင်ငံ လခြမ်းနီ အသင်း က အသင်းအဖွဲ့ဝင်များမှ လစ်ဗျား နိုင်ငံ မြို့တော် ထရီပိုလီ အရှေ့ဘက် ၃၀ ကီလိုမီတာ အကွာအဝေး ရှိ Tajura ဒေသ ကမ်းခြေ တွင် ဒုက္ခသည် ရုပ်အလောင်း ၂၅ လောင်း ကို တွေ့ရှိခဲ့ကြောင်း ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

လစ်ဗျား နိုင်ငံ လခြမ်းနီ အသင်း ၏ အဖွဲ့ဝင် တစ်ဦး က ယခုတွေ့ရှိခဲ့သည့် ရုပ်အလောင်းများသည် လှေဖြင့် ဥရောပ နိုင်ငံ များသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်း ခဲ့သူများ ဖြစ်ကြကြောင်း ၊ အခင်းဖြစ်ပွား ခဲ့ရသည့် အကြောင်းအရင်း နှင့် ပတ်သက်၍ မသိရှိရသေးကြောင်း ပြောကြား ခဲ့သည်။

လီဗျာ နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် Sabratha မြို့ အနီးရှိ ပင်လယ်ပြင်တွင် တရားမဝင် နိုင်ငံကူးသူ ၁၄၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၉ ဦးမှာ အမျိုးသမီးများ ဖြစ်ကြပြီး ၄ ဦးမှာ ကလေးငယ်များ ဖြစ်ကြကြောင်း ၊ တရားမဝင် နိုင်ငံကူးသူ အများစုမှာ လူငယ်များဖြစ်ကြပြီး ၎င်းတို့မှာ ကင်မရွန်း ၊ ဆူဒန် ၊ မာလီ နှင့် ဆီနီဂေါ နိုင်ငံ သားများ ဖြစ်ကြကြောင်း ၊ ကယ်တင်နိုင်ခဲ့သူများအား ထရီပိုလီ မြို့ရှိ ဒုက္ခသည် စခန်းသို့ ပို့ဆောင်ထားပြီး ပြန်လည်စေလွှတ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၁ ခုနှစ် မှ စတင်၍ လစ်ဗျား နိုင်ငံ လုံခြုံရေး အခြေအနေ သည် အဆက်မပြတ်ဆိုးရွား လာခဲ့ပြီး အစိုးရ ဌာန တို့မှလည်း ကမ်းရိုးတန်း နယ်နိမိတ် ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိတော့ သဖြင့် ဆာဟာရ သဲကန္တာရ တောင်ပိုင်းရှိ အာဖရိက တိုက် နိုင်ငံများမှ တရားမဝင် နိုင်ငံကူးလိုသူများသည် လစ်ဗျား နိုင်ငံ မှ တစ်ဆင့် မြေထဲပင်လယ်ကို ဖြတ်ကျော်၍ ဥရောပ နိုင်ငံ များသို့ သွားရောက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117