Connect with us

Africa & Middle East

ကင်ညာ နိုင်ငံ အရှေ့ပိုင်း တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၈ ဦး သေဆုံး

ကင်ညာ နိုင်ငံ ရှိ လူနာတင်ကား တစ်စင်း မှ လူနာများ ကို ပို့ဆောင်ပေးနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ ရဲတပ်ဖွဲ့ က ကင်ညာ နိုင်ငံ အရှေ့ပိုင်း ဆိုမာလီယာ နိုင်ငံ နယ်နိမိတ် အနီး Lamu စီရင်စု တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၈ ဦးသေဆုံး ခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ ၂၇ ရက်နေ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။

ကင်ညာ နိုင်ငံ ကမ်းရိုးတန်း ဒေသ ရဲတပ်ဖွဲ့မှူး က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု ကို ဖုန်းဖြင့်ဖြေကြားရာတွင် ရဲတပ်ဖွဲ့ မှ ကားတစ်စင်းသည် Lamu စီရင်စု တွင် တာဝန်ထမ်းဆောင်နေစဉ် အတွင်း လမ်းဘေးရှိ ပေါက်ကွဲစေသည့် ကိရိယာ ကို ထိမိစေခဲ့ကာ ပေါက်ကွဲစေခဲ့ကြောင်း ၊ ကားပေါ်တွင် ကျောင်းသား ကလေးငယ် များနှင့် အစောင့်ရဲတပ်ဖွဲ့ဝင် များ လိုက်ပါသွား ခဲ့သဖြင့် ကျောင်းသား ၄ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၈ ဦး သေဆုံး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ မှ အခင်းဖြစ်ပွားရာနေရာ တွင် စစ်ဆေးမှုများဆောင်ရွက်နေပြီး ဒဏ်ရာရရှိသူများ ကို ဆေးရုံ သို့ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ တိုက်ခိုက်မှု ကို ဆောင်ရွက်ခဲ့ကြောင်း ကြေညာခြင်းမရှိဘဲ ကင်ညာ နိုင်ငံ နှင့် ဆိုမာလီယာ နိုင်ငံ နယ်စပ်ဒေသ တွင် ဗုံးခွဲ တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိပြီး al-Shabaab အစွန်းရောက် အဖွဲ့အစည်း မှ အဓိက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆိုမာလီယာ နိုင်ငံ al-Shabaab အစွန်းရောက် အဖွဲ့အစည်း သည် အယ်လ်ကိုင်းဒါး အဖွဲ့အစည်း နှင့် ဆက်သွယ်မှု ရှိသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လတ်သလော နှစ်ပိုင်းတွင် ဆိုမာလီယာ နိုင်ငံ နှင့် အနီးတစ်ဝိုက်ရှိ နိုင်ငံ များတွင် အကြမ်းဖက် တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.