Connect with us

Africa & Middle East

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် အသေခံဗုံးခွဲမှုများကြောင့် လူ ၁၉ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ အတည်ပြုပြောကြား

နိုင်ဂျီးရီးယား တွင် အသေခံဗုံးခွဲမှုများ ကြောင့် သေဆုံးခဲ့သူများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် နောက်ဆုံးဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုများကြောင့် လူ ၁၉ဦး သေဆုံးပြီး ၂၃ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဇူလိုင် ၁၂ ရက်တွင်ပြောကြားခဲ့သည်။

ဘော်နိုပြည်နယ် ရဲချုပ် Damian Chukwu က ပြည်နယ်၏ မိုင်ဒူဂူရီမြို့ ရှိ အရပ်ဘက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ကို ပစ်မှတ်ထား၍ ဇူလိုင် ၁၁ ရက် နှောင်းပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

သေဆုံးသူများအနက် ၁၂ဦးမှာ အရပ်ဘက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ မှဖြစ်ပြီး အခြား ၇ဦးမှာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော အရပ်သားများ (သို့) ဖြတ်သွားဖြတ်လာများဖြစ်ကြကြောင်း Chukwu ကပြောကြားခဲ့သည်။

အမျိုးသမီး အသေခံဗုံးခွဲသမား ၄ဦးက မိုင်ဒူဂူရီမြို့ မြောက်ပိုင်း ရှိ မတူညီသော နေရာ သုံးခုတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့က ယင်းတိုက်ခိုက်မှုများကို ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စုက ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အကြမ်းဖက်အုပ်စုသည် ဘော်နိုပြည်နယ်မြို့တော် မိုဒါဒစ်ရှူးမြို့မှ တိုက်ထုတ်ခံရပြီးနောက် ပြန်လည်ဝင်ရောက်ရန် ကြိုးစားခဲ့ကြကြောင်း သိရသည်။

ဘိုကိုဟာရမ်အုပ်စု သည် နိုင်ဂျီးရီးယားနိုင်ငံတွင် ၂၀၀၉ခုနှစ်မှ စ၍ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး လူပေါင်း ၂၀,၀၀၀ကျော် သေဆုံးမှုနှင့် လူ ၂.၃သန်း နေအိမ်စွန့်ခွာထွက်ပြေးမှုများအတွက် အဓိက တာဝန်ရှိသည့် အကြမ်းဖက်အုပ်စု ဖြစ်ကြောင်းသိရသည်။

ရဲတပ်ဖွဲ့မှ ရရှိသော အချက်အလက်များအရ ၂၀၁၄ခုနှစ်မှစ၍ အနည်းဆုံး အရပ်ဘက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ၈၆၀ဦးသည် ဘိုကိုဟာရမ်စစ်သွေးကြွများအား တိုက်ခိုက်နေသည့် နိုင်ဂျီးရီးယားစစ်တပ်ကို အားဖြည့် ကူညီရင်းသေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117