Africa & Middle East
အီရန် နိုင်ငံ က ဒုံးကျည် ပစ်လွှတ်မှု သည် မည်သည့် နိုင်ငံ ၏ ခွင့်ပြုချက် မှ မလိုအပ်ကြောင်း ပြောကြား
တီဟီရန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
အီရန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇူလိုင်လ ၂၈ ရက်နေ့၌ အမေရိကန် နိုင်ငံ က အီရန် နိုင်ငံ ဒုံးကျည် ပစ်လွှတ်မှု နှင့် ပတ်သက်၍ အီရန် နိုင်ငံ အပေါ် ဖိအားပေး ဆောင်ရွက်မှု များကို ဝေဖန်ပြစ်တင် ခဲ့ပြီး ဒုံးကျည် စီမံကိန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း သည် အီရန် နိုင်ငံ ၏ မူပိုင်အခွင့်အရေး ဖြစ်ကာ မည်သည့် နိုင်ငံ ၏ ခွင့်ပြုမှု မှ မလိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အီရန် နိုင်ငံ ၏ နည်းပညာ တိုးတက်ရေး နှင့် စူးစမ်းလေ့လာရေး သည် အကန့်အသတ်မရှိကြောင်း ၊ အီရန် နိုင်ငံ ၏ ကဏ္ဍပေါင်းစုံ အောင်မြင်မှု များသည် အီရန် နိုင်ငံ ၏ လူငယ် သိပ္ပံပညာရှင် နှင့် ပညာရှင်တို့၏ ကြိုးပမ်းမှုကြောင့်ဖြစ်သောကြောင့် မည်သည့် နိုင်ငံ ၏ ခွင့်ပြုမှု မှ မလိုအပ်ကြောင်း ၊ အီရန် နိုင်ငံ အနေဖြင့် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှု စာချုပ် ကို လိုက်နာခဲ့ပြီး နိုင်ငံတကာ နျူကလီးယား စွမ်းအင် အဖွဲ့အစည်း အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး တို့မှလည်း အတည်ပြုပေးခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ အပေါ်ထားရှိသည့် ရန်သူမူဝါဒ ကို ရပ်တန့်ပြီး အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှု စာချုပ် ကို လိုက်နာရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အီရန် နိုင်ငံ သည် ဇူလိုင်လ ၂၇ ရက်နေ့၌ နိုင်ငံတော် အာကာသ စင်တာ မှ အသေးစား ဒုံးကျည် တစ်စင်း ကို ပစ်လွှတ် ခဲ့သည်။ ဒုံးကျည် ပစ်လွှတ်မှု အပြီး တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က အီရန် နိုင်ငံ ၏ ဆောင်ရွက်မှု သည် ရန်ပြုသည့် ဆောင်ရွက်မှု တစ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက် ကို ချိုးဖောက်ရာ ရောက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇူလိုင်လ ၂၈ ရက်နေ့၌ အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန အီရန် နိုင်ငံ လုပ်ငန်းကုမ္ပဏီ ၆ ခု အပေါ် ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ခဲ့ပြီး အကြောင်းပြချက် အနေဖြင့် အီရန် ဒုံးကျည် စီမံကိန်း အပေါ် ထောက်ခံခဲ့သောကြောင့် ဖြစ်ကြောင်း သိရှိခဲ့ရသည်။
၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်း မှ စတင်၍ အမေရိကန် နိုင်ငံ သည် အီရန် နိုင်ငံ အပေါ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ကို အကြောင်းပြု၍ ဖိအားပေး ဆောင်ရွက်မှု များကို အဆက်မပြတ် ဆောင်ရွက်ခဲ့ပြီး ပိတ်ဆို့အရေးယူမှု များ နှင့် အီရန် နိုင်ငံသားများ အမေရိကန် နိုင်ငံ လာရောက်ရန် ကန့်သတ်ခြင်း များကို ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)