Connect with us

Politics, Law & Military

ပြည်ထောင်စုနေ့စဉ် သတင်းစာ ယနေ့ ပြန်လည် ထွက်ရှိ

ပြန်လည်ထွက်ရှိလာသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ။ (အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ခေတ္တ ရပ်နားထားသည့် လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီပိုင် ပြည်ထောင်စု နေ့စဉ် သတင်းစာအား ယနေ့ပြန်လည် ထုတ်ဝေပြီ ဖြစ်ပြီး သတင်းစာ၏ နဂိုမူဝါဒ အတိုင်း ထုတ်ဝေ သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာ၏ ဦးဆောင် ကော်မတီအဖွဲ့မှ ခေါင်းဆောင် ဦးတင်မောင်ဦးက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဦးတင်မောင်ဦးက “ အယ်ဒီတာချုပ် အနေနဲ့ကတော့ လက်ရှိတာဝန် ပေးထားသူ မရှိပါဘူး။ တစ်ဦး တစ်ယောက်တည်းက ဆုံးဖြတ်တာ မဟုတ်ပဲ အဖွဲ့က ဆုံးဖြတ်တာ ဖြစ်ဖို့အတွက် ဦးဆောင် ကော်မတီ အဖွဲ့ ဖွဲ့ထားပြီး ဆောင်ရွက်နေကြပါတယ်’’ ဟု ပြောသည်။

ဦးဆောင် ကော်မတီတွင် အဖွဲ့ဝင် သုံးဦးပါရှိပြီး ဦးတင်မောင်ဦး၊ ဦးတင်သန်းဝင်း နှင့် ဦးစိန်တိုးတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဦးဆောင်ကော်မတီ၏ အဖွဲ့ဝင်သုံးဦးတွင် ဦးစိန်တိုးမှာ ပြည်ထောင်စုနေ့စဉ်၏ အချိန်ပြည့် အယ်ဒီတာအဖြစ် မူလကတည်းက တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဦးတင်မောင်ဦးမှာ ဒို့ကျေးရွာ ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ သူဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ပြည်ထောင်စု နေ့စဉ် သတင်းစာအား မူလ ပုံစံအတိုင်း ထုတ်ဝေလျက်ရှိပြီး၊ နောင်တွင် ဒီဇိုင်း ပြောင်းလဲမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆိုသည်။ သြဂုတ်လ (၁၂) ရက်နေ့က ဖြစ်ပွားခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ချိန်မှ စတင်ကာ ပြည်ထောင်စု နေ့စဉ်သတင်းစာ ထုတ်ဝေခြင်းကို ရပ်နားခဲ့ခြင်း ဖြစ်ပြီး တစ်လနီးပါး ကြာမြင့်လာချိန်တွင်မှ ယခုကဲ့သို့ ပြန်လည် ထုတ်ဝေခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117