Connect with us

Africa & Middle East

အီရန် နိုင်ငံ က IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင် ၂၇ ဦး ကို ဖမ်းဆီး

အီရန် နိုင်ငံ အစိုးရ တပ်ဖွဲက မှ ဒုံးကျည် များကို ပစ်လွှတ်နေစဉ် (ဆင်ဟွာ)

တီဟီရန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ သတင်းအချက်အလက် ဌာန က သြဂုတ်လ ၇ ရက်နေ့၌ ၎င်းတို့အနေဖြင့် IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင် ၂၇ ဦး ကို ဖမ်းဆီး လိုက်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

အီရန် သတင်းအချက်အလက် ဌာန ၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးလိုက်သည့် လက်နက်ကိုင် အဖွဲ့ဝင် များအနက် ၁၇ ဦး အား ပြည်တွင်း၌ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး အခြားသူများကို ပြည်ပတွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်းဖော်ပြမှု များအရ ယခု ဖမ်းဆီး ခံရသည့် အကြမ်းဖက်သမား များသည် အီရတ် နိုင်ငံ မြို့ကြီး များနှင့် ဘာသာရေး မြို့တော် များတွင် အကြမ်းဖက် တိုက်ခိုက်မှု များဆောင်ရွက်ရန် စီစဉ်နေကြောင်း ၊ ဖမ်းဆီးမှု ဆောင်ရွက်စဉ် အတွင်း စစ်ဘက် အသုံးပြုသည့် ကိရိယာ နှင့် လက်နက်ခဲယမ်း များကို လည်း ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် ဇွန်လ ၇ ရက်နေ့တွင် IS လက်နက်ကိုင် အဖွဲ့အစည်း သည် အီရန် နိုင်ငံ မြို့တော် တီဟီရန် တွင် အကြမ်းဖက် တိုက်ခိုက်မှု နှစ်ခု ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၇ ဦးသေဆုံးကာ လူအများ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အီရန် နိုင်ငံ မှ ယင်းအကြမ်းဖက် တိုက်ခိုက်မှု ကို လက်တုံ့ပြန် သည့် အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်း ရှိ IS အကြမ်းဖက် အဖွဲ့အစည်း ၏ စခန်း အား ဒုံးကျည် ၆ စင်း ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117