Connect with us

Africa & Middle East

အီရန် နှင့် ရုရှား သမ္မတတို့သည် ဆီးရီးယားအရေးနှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ဝဲ) နှင့် အီရန်နိုင်ငံ သမ္မတ ဟက်ဆန်ရိုဟာနီ (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ သမ္မတ ဟက်ဆန်ရိုဟာနီ နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် တို့သည် ဆီးရီးယားနိုင်ငံအတွင်း နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ နှင့် ပတ်သက်၍ သြဂုတ် ၁၄ရက်တွင် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရိုဟာနီ နှင့် ပူတင်တို့သည် ဆီးရီးယားနိုင်ငံ တွင်ဖြစ်ပွားနေသည့် ၆နှစ်ကြာ ပဋိပက္ခအား အဆုံးသတ်ရန် အတွက် ပူးပေါင်းညှိနှိုင်းအားထုတ်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ကြပြီး ဆွေးနွေးမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုများ၊ ဒေသတွင်း နှင့် နိုင်ငံတကာ အရေးကိစ္စများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ အတွင်း စစ်သွေးကြွများ နှင့် ၇နှစ်ကြာ တိုက်ပွဲဖြစ်ပွားနေသည့် ဆီးရီးယားအစိုးရအား ကူညီရန် ရုရှား နှင့် အီရန်တို့သည် ဒေသတွင်း မဟာမိတ်များအဖြစ်ထွက်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က အီရန်၊ ရုရှား နှင့် တူရကီ နိုင်ငံတို့မှ ကိုယ်စားလှယ်များသည် မြို့တော် တီဟီရန်တွင် ဆီးရီးယားအရေးနှင့် ပတ်သက်၍ အဆင့်မြင့်အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသည် ကာဇက်စတန်နိုင်ငံ မြို့တော် အန်စတာနာမြို့ တွင် သြဂုတ်လကုန်၌ ကျင်းပမည့် ဆီးရီးယားငြိမ်းချမ်းရေးစကားဝိုင်း၏အစီအစဉ်များအား ချမှတ်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.