Connect with us

Videos

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အားကစားနည်း ၃ မျိုး တစ်ပြိုင်တည်း ယှဉ်ပြိုင်ရသည့် Triathlon ပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

StarCity Sports Club နဲ့ RUNderful Myanmar တို့ ပူးပေါင်းကျင်းပသည့် Sprint Triathlon ပြိုင်ပွဲကို ဇွန် ၂ ရက် နံနက်ပိုင်းက StarCity Sports Club တွင်ကျင်းပခဲ့သည်။အဆိုပါ Triathlon ပြိုင်ပွဲတွင် ရေကူး ၇၅၀ မီတာ၊ စက်ဘီး ၂၀ ကီလိုမီတာ နှင့် အပြေး ၅ ကီလိုမီတာ အကွာအဝေးရှိသော အားကစားနည်း ၃ မျိုး တစ်ပြိုင်တည်း ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ “ Triathlon ပြိုင်ပွဲတွင် အဓိက စိတ်လှုပ်ရှားမှု ဖြစ်စေတာက လမ်းကြမ်း စက်ဘီးစီးနင်းမှု ဖြစ်ပါတယ်၊ ဗွက်တွေ နွံတွေကြားမှာ ကိုယ့်ရှေ့က ပြိုင်ပွဲဝင်တွေရဲ့ စက်ဘီးထိန်းသိမ်းနိုင်မှုတွေ၊ လမ်းခရီး ကြမ်းတမ်းမှုတွေ ကြားမှာ ယှဉ်ပြိုင်ရုန်းကန်ရမှုက စိန်ခေါ်မှု ဖြစ်စေပါတယ်၊ တခြားပြိုင်ပွဲဝင်တွေလည်း ကြိုးစားယှဉ်ပြိုင်ကြတာ တွေ့ရပါတယ်၊ ကိုဗစ်ကာလနောက်ပိုင်းမှာဆိုရင် ယခုလို Triathlon ပြိုင်ပွဲကို ပထမဆုံး ပြန်ကျင်းပနိုင်တာဖြစ်မယ် ထင်ပါတယ် ၊ မကြာခဏကျင်းပပေးနိုင်ရင် Triathlon အားကစားပိုမိုဖွံဖြိုးလာမှာ ဖြစ်တယ်” လို့ Sprint Triathlon ပြိုင်ပွဲတွင် ၁ နာရီ မိနစ် ၃၀ ဖြင့် ထိပ်ဆုံးမှ ပန်းဝင်ခဲ့သည့် အသက် ၃၃ နှစ်အရွယ် Triathlon မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကိုဌေးကိုကိုက ဆင်ဟွာသို့ ပြောသည်။ Triathlon အားကစားပြိုင်ပွဲသည် ရေကူး၊ စက်ဘီးစီးခြင်း၊ အပြေး စသည်တို့ကို တစ်ပြိုင်နက်ထဲ ယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်ကြောင်း သိရသည်။ စက်ဘီးစီးနင်းမှု နှင့် အပြေးပြိုင်ပွဲသည် ခက်ခဲသလို ယှဉ်ပြိုင်သည့်အခါ အချိန်ပိုမိုပေးရသည့် ရေကူးကစားနည်းကလည်း ကစားသမားများအတွက် စိန်ခေါ်မှု ဖြစ်စေကြောင်း Triathlon ကစားသမားအချို့က သုံးသပ်ကြပါသည်။ ပြိုင်ပွဲအမျိုးအစားများတွင် (professional) Pro ကစားသမားများ၊ တစ်ယောက်တည်း ပြိုင်မယ့်သူများအတွက် Solo အပြင်၊ သူငယ်ချင်း၊ မိတ်ဆွေများနှင့်အတူ အသင်းဖွဲ့ပြီး ပါဝင်ယှဉ်ပြိုင်နိုင်သည့် Relay ဟူ၍ အတန်း ၃ ခုခွဲကာ စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117