Connect with us

Africa & Middle East

ဂါဇာတွင် အပစ်ရပ်လျှင်လည်း လက်ဘနွန် ဟစ်ဇ်ဘိုလာတို့နှင့် ဆက်လက်တိုက်ခိုက်သွားမည် ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ပြောကြား

အစ္စရေးနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွင် ဒုံးကျည်ပစ်ခတ်မှုကြောင့် လောင်ကျွမ်းနေသည့် မီးများအား ငြှိမ်းသတ်နေသည့် မီးသတ်လေယာဉ်တစ်စီး ကို ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိလျှင်လည်း လက်ဘနွန် ဟစ်ဇ်ဘိုလာတို့နှင့် တိုက်ပွဲကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးမီဒီယာ၏ သတင်းများအရ အစ္စရေးတောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသရှိ တပ်များကို “တောင်ပိုင်းနှင့် မြောက်ပိုင်း သီးခြားဒေသ” အဖြစ် အမိန့်ချထားသည်ဟု ထိုနေ့ အစ္စရေးတို့ ထိန်းချုပ်သော ဂိုလန်ကုန်းမြင့်ဒေသရှိ အစ္စရေးစစ်တပ်ကို စစ်ဆေးကြည့်ရှုစဉ် Yoav Gallant က ပြောကြားခဲ့ကြောင်း သိရသည်။ အစ္စရေးတပ်သည် တောင်ပိုင်းတွင် ဟားမက်စ်တို့နှင့် အပစ်အခတ်ရပ်စဲရေး၊ ထိန်းသိမ်းထားသူမျာအား ပြန်လည်လွှတ်ပေးရေး သဘောတူညီချက် ရရှိခဲ့သည့်တိုင်အောင် လက်ဘနွန် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့အကြား သက်ဆိုင်ရာ သဘောတူညီချက်မရရှိလျှင် အစ္စရေးတပ်၏ မြောက်ပိုင်း စစ်ရေးလှုပ်ရှားမှုနှင့်သက်ဆိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Yoav Gallant က လက်ဘနွန် ဟစ်ဇ်ဘိုလာ စသည့် လက်ဘနွန်လက်နက်ကိုင်အဖွဲ့များသည် အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင် ၄၅၀ ဦး ဆုံးရှုံးခဲ့ကြောင်း၊ ၎င်းတို့တွင် တပ်မဟာမှူး ၁၅ ဦး၊ တပ်မမှူး ၃ ဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။ “အခုက အရေးကြီးတဲ့အချိန်အခါဖြစ်တယ်”၊ “ကျုပ်တို့အနေနဲ့ ရင်ဆိုင်ဖို့ အားလုံးအသင့်ပြင်ပြီးဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အစ္စရေးတပ်၏ ဇူလိုင် ၇ ရက် ထုတ်ပြန်ချက်များအရ ယင်းနေ့တွင် လက်ဘနွန်နိုင်ငံတောင်ပိုင်းမှ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ဒါဇင်နှင့်ချီသော ဒုံးကျည်များနှင့် တင့်ကားဖျက်ဒုံးကျည်များ ပစ်ခတ်ခဲ့ရာ မီးဘေးဖြစ်ပွားခဲ့ကြောင်း၊ ထို့အပေါ် တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(Chinese Version)
以防长:即使加沙停火仍将与黎巴嫩真主党作战
新华社耶路撒冷7月7日电(记者王卓伦 吕迎旭)以色列国防部长加兰特7日表示,即使以色列在加沙地带与巴勒斯坦伊斯兰抵抗运动(哈马斯)达成停火协议,以军与黎巴嫩真主党的作战仍将继续。
据以色列媒体报道,加兰特当天在以色列控制的戈兰高地视察以军部队时说,他向以色列南北两个地区的以军下达了明确命令,即南部和北部是“两个独立地区”。即使以军在南部与哈马斯就停火、被扣押人员获释达成协议,也与以军在北部的军事行动无关,除非黎巴嫩真主党与以色列达成相关协议。
加兰特称,黎巴嫩真主党等黎武装组织在以军空袭中损失450名成员,其中包括15名旅级指挥官和3名师级指挥官。他表示,“现在是关键时刻”,“我们已做好应对一切的准备”。
根据以军7日发表的声明,当天有数十枚火箭弹和反坦克导弹从黎巴嫩南部射向以色列北部地区,造成火灾。以军对黎南部进行空袭予以回应。
1. 7月4日,在以色列北部边境地区,一架消防飞机释放阻燃剂以扑灭火箭弹袭击引发的火灾。