Connect with us

Politics, Law & Military

ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်တွင် မြန်မာမှ ပါဝင် လက်မှတ် ထိုးသည့်အတွက် စာချုပ်အရ ဆောင်ရွက်ရမည်ဟုဆို

နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် ပါဝင်လက်မှတ်ထိုးနေစဉ် (MOI)

ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အတွက် ကလေးသူငယ်များအား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းများအားလုံးမှ ကာကွယ်နိုင်ရန် မြန်မာနိုင်ငံက လိုအပ်သည့် ဆောင်ရွက်မှုများကို တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(မြန်မာ) ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အရ စစ်မှုထမ်းများမှ ဖြစ်စေ ၊ အရပ်သားများမှဖြစ်စေ ကလေးသူငယ်များအား တပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်း နှင့် အသုံးပြုခြင်းများ ကျူးလွန်ပါက ပြစ်ဒဏ်ပေးခြင်း ၊ တရားဥပဒေအရ အပြစ်ပေးဆောင်ရွက်နိုင်ရန် ဥပဒေပြဌာန်းမှုများ ပြုလုပ်ရန် ပါဝင်ကြောင်း ယင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင် ပတ်သက်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးခြင်းကို စက်တင်ဘာ ၂၈ ရက်တွင် နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်၌ ပြုလုပ်ခဲ့သည်။

ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကို ယနေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှ စာချုပ်ဝင်နိုင်ငံများ အဖြစ် ပါဝင်ထားပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117