Connect with us

Videos

ရေကန်ထဲ ပြုတ်ကျနေသည့် တောဆင်လေး စိတ်ပျက်အားငယ်နေချိန် ကယ်ဆယ်ရေးသမားများ ရောက်ရှိကယ်တင်

ယူနန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားဒေသ၌ မကြာသေးမီက အလေးချိန် ၂.၅ တန်ခန့် ရှိသော အာရှဆင်ရိုင်းမလေးတစ်ကောင် စွန့်ပစ်ထားသည့် ရေလှောင်ကန်ထဲသို့ မတော်တဆ ပြုတ်ကျခဲ့ပြီး ၎င်းကိုယ်တိုင် ပြန်မထွက်နိုင် ဖြစ်နေခဲ့သည်။အာရှဆင်ရိုင်းမလေး၏ အဖော်များက အနီးအနားရှိ သစ်တောထဲတွင် အော်ဟစ်ပြီး အကူအညီတောင်းနေကြသည်။ ထိုအကြောင်းကို ကြားသိရသည့် ဌာနဆိုင်ရာအများအပြားက ဒေသန္တရဝန်ထမ်းများက အခင်းဖြစ်နေရာသို့ အလျှင်အမြန်သွားရောက်ကာ ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ရေကန်ထဲ ပိတ်မိနေသည့် ဆင်လေးအား ဘေးကင်းစေရေးအတွက် ကယ်ဆယ်ရေးသမားများက မြေတူးစက်ဖြင့် ရေကန်ဘေးတွင် အပေါ်တက်လှမ်းနိုင်အောင် ချိုင့်လေးတစ်ခု တူးပေးခဲ့သည်။ နောက်ဆုံးတွင် ပိတ်မိနေသည့် ဆင်လေးက ရေကန်ထဲမှ အပေါ်သို့ တက်နိုင်ခဲ့ပြီး ၎င်း၏အဖော်များနှင့် ပြန်လည် ဆုံစည်းကာ ဘေးမဲ့တောသို့ ပြန်သွားနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————-
野象掉进水池怎么办?一起救它!
近日,云南西双版纳,一头约2.5吨重的雌性野生亚洲象不小心掉进一个废弃蓄水池,无法自行爬出。它的同伴们在附近林中嘶吼呼救。多部门工作人员闻讯赶到现场,组成救援小组,在保证大象安全的情况下,救援人员操控挖掘机在水池边挖出一个缺口。最终,受困的大象得以爬出水池,与同伴们汇合,返回保护区。

字幕-绝望之时,救援人员赶到了。无法自行脱离,情况危急。
多次挣扎,母象体力消耗很大。危机之刻,救援人员开来了挖掘机。十几分钟后,母象从缺口爬出来了。母象与挖掘机驾驶员对视一会儿后离开,似乎在表示感谢。