Connect with us

Africa & Middle East

တူရကီ၏ အက်ဖရင်းစစ်ဆင်ရေးအတွင်း စစ်သား နှင့် တိုက်ခိုက်ရေးသမား ၁၄ဦးသေဆုံး

ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့ ရှိ ကာ့ဒ်စစ်သွေးကြွများအား တိုက်ခိုက်ရန် ရောက်ရှိလာသည့် တူရကီတင့်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အက်ဖရင်းပြည်နယ် ရှိ ကာ့ဒ်လူမျိုးတို့၏ နယ်မြေတွင် တူရကီနိုင်ငံက စစ်ရေးအရ တိုက်စစ်ဆင်မှုများ ပြုလုပ်စဉ်အတွင်း အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၁၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ဝန်ကြီးတစ်ဦးကပြောကြားခဲ့သည်။

သေဆုံးသူများအနက် ၃ဦးမှာ တူရကီစစ်တပ်မှ တပ်ဖွဲ့ဝင်များဖြစ်ပြီး အခြား ၁၁ဦးမှာ တူရကီနိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့ (FSA) မှ တိုက်ခိုက်ရေးသမားများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန ဝန်ကြီး Ahmet Demircan က သတင်းထောက်များအား ဇန်နဝါရီ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ ၁၃၀ဦးကို ဆေးကုသမှုခံယူရန် တူရကီနိုင်ငံသု့ိ ပြန်လည်ခေါ်ဆောင်လာကြောင်း ၎င်းကပြောကြားခဲ့သည်။ဆီးရီးယားနိုင်ငံ အက်ဖရင်းပြည်နယ် အနောက်မြောက်ပိုင်းတွင် Olive Branch စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့စဉ် ကတည်းက အနည်းဆုံး အကြမ်းဖက်သမား ၃၄၃ဦး သေဆုံးခဲ့ကြောင်း တူရကီစစ်တပ်က ဇန်နဝါရီ ၂၆ရက်တွင်ပြောကြားခဲ့သည်။

တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွများအား တိုက်ခိုက်ရန် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးကို ဇန်နဝါရီ ၂၀ ရက်က ဆောင်ရွက်ခဲ့ပြီး ကာ့ဒ်တို့၏ နယ်မြေအတွင်းရှိ YPG ကာ့ဒ်စစ်သွေးကြွအုပ်စု အား ပစ်မှတ်ထား၍ ဆီးရီးယားလွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများ နှင့် အတူ လေကြောင်းတိုက်ခိုက်မှု နှင့် ကုန်းကြောင်း စစ်ဆင်ရေးများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။YPG သည် တူရကီနိုင်ငံက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ PYD စစ်သွေးကြွအုပ်စု ၏ တပ်ခွဲတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117