Connect with us

Africa & Middle East

မြေအောက်တွင် ပိတ်မိနေသော တောင်အာဖရိက သတ္တုတွင်းလုပ်သား ၉၀၀ ကျော်အား ကယ်တင်ပြီး

ဂျိုဟန်နာဘာ့ဇ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တောင်အာဖရိကရှိ Nothern Free State ဒေသတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မြေအောက်၌ ပိတ်မိနေသော ရွှေတွင်းလုပ်သား ၉၀၀ ကျော်အား ကယ်တင်လိုက်ပြီဖြစ်ကြောင်း သတ္တုတွင်းပိုင်ရှင်က ဖေဖော်ဝါရီလ ၂ ရက်က ပြောကြားလိုက်သည်။

အဆိုပါ ရွှေတွင်းလုပ်သားများသည် Nothern Free State ဒေသရှိ Beatrix သတ္တုတွင်းတွင် ဖေဖော်ဝါရီလ ၂ ရက် ဒေသစံတော်ချိန် နံနက် ၂း၀၀ နာရီတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မြေအောက်၌ ပိတ်မိနေခဲ့ခြင်း ဖြစ်ကြောင်း Beatrix သတ္တုတွင်းအား လုပ်ကိုင်နေသည့် Sibanye-Stillwater ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ် James Wellsted က ပြောကြားခဲ့သည်။

ပိတ်မိနေသည့် ရွှေတွင်းလုပ်သားများအားလုံးကို မြေပြင်ပေါ်သို့ ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ယင်းမတော်တဆမှုသည် ဇန်နဝါရီလ ၃၁ ရက်ညပိုင်းက တိုက်ခိုက်ခဲ့သည့် မုန်တိုင်းကြောင့် ဖြစ်နိုင်ကြောင်း၊ အားကောင်းသည့် မုန်တိုင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်လိုင်းများ ပျက်စီးသွားခဲ့သဖြင့် လျှပ်စစ် ပြတ်တောက်သွားခဲ့ကြောင်း၊ ထို့ကြောင့် မြေအောက်တွင်ရောက်နေသော သတ္တုတွင်းလုပ်သားများအား မြေပေါ်သို့ ပြန်တက်ရန် ဓာတ်လှေကား မောင်း၍မရနိုင်ဖြစ်ခဲ့ရကြောင်း သိရသည်။

“ဒါက ကြုံတောင့်ကြုံခဲဖြစ်ပွားမှုပါ။ ကျွန်တော်တို့ ဒီလိုမျိုး အရင်က မကြုံခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒါကို ကျွန်တော်တို့ အတွေ့အကြုံယူပြီး ချင့်ချိန်လုပ်ကိုင်သွားပါမယ်” ဟု Sibanye-Stillwater ကုမ္ပဏီက ပြောကြားခဲ့သည်။သတ္တုတွင်းအလုပ်သမားများအား အပေါ်သို့ ပြန်လည်မတင်ရန်အတွက် မီးစက်အား အသုံးပြုခဲ့ရကြောင်း ကုမ္ပဏီက အစီရင်ခံထားသည်။ အစောပိုင်းသတင်းများအရ သတ္တုတွင်းရှိ ဓာတ်လှေကားအား ပြန်လည်အလုပ်လုပ်ရန် အရေးပေါ်မီးစက်များအား အသုံးပြုဖို့ အင်ဂျင်နီယာများက ဆော့ဖ်ဝဲချို့ယွင်းချက်နှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117