Connect with us

Local

ကျောက်မျက် အတွဲပေါင်း ၇,၀၀၀ ကျော်ကို မြန်မာ ကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက်ပွဲ ကျင်းပမည်

နေပြည်တော် တွင် ကျင်းပသော ၅၂ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲမြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ပြည်တွင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အတွက် အဆင့်နိမ့် ကျောက်စိမ်း၊ ကျောက်မျက် အတွဲ ပေါင်း ၇,၀၀၀ ခန့်ကို မြန်မာ ကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက် ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ ထံမှ သိရသည်။

ကျောက်မျက်ရိုင်း နှင့် ကျောက်စိမ်း အသားကျောက် များကို မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက် ရတနာပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ယခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်နေ့ထိ ရောင်းချ မည်ဖြစ်သည်။

အဆိုပါ ပြပွဲသို့ တက်ရောက် ဝယ်ယူမည့် နိုင်ငံခြားသား များအနေဖြင့် သတ်မှတ် ထားသော စရံငွေများ ပေးသွင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကျောက်မျက် ရတနာပြပွဲ ကို ဝင်ကြေး ကျပ်ငါးသောင်း ပေးသွင်း ရမည်ဖြစ်ပြီး ဝယ်ယူမည့် ကျောက်မျက် တန်ဖိုး ၏ ၅ ရာခိုင်နှုန်းကို စပေါ်ငွေအဖြစ် ကြိုတင် ပေးသွင်း ရမည်ဖြစ်သည်။

သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် ကျောက်စိမ်း၊ ကျောက်မျက် ရောင်းချပွဲ များကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ကျင်းပပြီး နိုင်ငံတကာ ကျောက်မျက် ကုန်သည်များ တက်ရောက် ဝယ်ယူခွင့် ပြုသည့် ယူရိုငွေဖြင့် ရောင်းချ သည့် ကျောက်မျက် ပြပွဲနှင့် ပြည်တွင်း နိုင်ငံသား ကျောက်မျက် ကုန်သည် များသာ တက်ရောက် ဝယ်ယူခွင့် ပြုသည့် ကျပ်ငွေဖြင့် ရောင်းချသည့် အဆင့်နိမ့် အသားကျောက် ရောင်းချပွဲဟူ၍ ခွဲခြား ကျင်းပခြင်းဖြစ်သည်။

ယခု ကျောက်မျက် ပြပွဲမှာ ၂၀၁၅ ခုနှစ်အတွင်း ဒုတိယ အကြိမ် ကျင်းပခြင်း ဖြစ်ပြီး အရည် အသွေး ကောင်းသည့် ကျောက်မျက်များ မပါဝင်ဘဲ C ၊ D အဆင့် အသားကျောက် များကို နိုင်ငံသား လုပ်ငန်းရှင်များအား ကျပ်ငွေ ဖြင့် ရောင်းချခြင်းဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117