Europe
ရုရှားက “စေ့စပ်ညှိနှိုင်းရေး စားပွဲကို မရောက်လာခဲ့ဘူး” ဟု ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီး ဆို

ဘရပ်ဆဲလ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
ရုရှား- ယူကရိန်း စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ရုရှား ရောက်လာခဲ့ခြင်းမရှိကြောင်း ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Kaja Kallas က မတ် ၁၇ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပသော EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအပြီးတွင် ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ Kallas က မီဒီယာများ၏ အမေရိကန် ဦးဆောင်သော ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် EU ပါဝင်ရန် ဖိတ်ကြားခြင်း ရှိ/ မရှိ သက်ဆိုင်ရာ မေးခွန်းများကို ဖြေကြားတွင် “လက်ရှိ ကျွန်မတို့ တွေ့တဲ့အတိုင်းပဲ၊ စေ့စပ်ညှိနှိုင်းရေး စားပွဲဆိုတာ မရှိဘူး၊ ဘာလို့လဲဆိုတော့ ရုရှားက စေ့စပ်ညှိနှိုင်းရေး စားပွဲကို မလာခဲ့ဘူး” ဟူ၍ ပြောကြားခဲ့သည်။ လက်ရှိတွင် “ဘောလုံးက ရုရှားရဲ့ဖက်မှာ ရောက်ရှိနေပြီ” ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က အွန်လိုင်းမှတစ်ဆင့် EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကို တက်ရောက်ခဲ့ကြောင်း၊ ယူကရိန်းအနေဖြင့် အမေရိကန်၏ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို “ထပ်ဆောင်းတောင်းဆိုချက် မရှိဘဲ” လက်ခံခဲ့ရာ ရုရှားဘက်ကလည်း ခြွင်းချက်မရှိ လက်ခံရမည်ဖြစ်ကြောင်း Sybiha က အလေးထားပြောကြားခဲ့သည်ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)
………………………………….
(Chinese Version)
欧盟外长:俄罗斯“没有来到谈判桌前”
新华社布鲁塞尔3月17日电(记者陈斌杰 周玥)欧盟外交与安全政策高级代表卡拉斯17日在布鲁塞尔举行的欧盟外长会后表示,俄罗斯没有来到俄乌冲突的谈判桌前。
在会后举行的记者会上,卡拉斯在回答媒体有关欧盟是否会被邀请参加美国主导的俄乌和谈问题时说:“正如我们所看到的,谈判桌不存在,因为俄罗斯没有来到谈判桌前。”她称,目前“球来到了俄罗斯一侧”。
乌克兰外交部当天表示,乌外长瑟比加以线上方式参加了欧盟外长会议。瑟比加强调乌方“不附加条件”地接受美方停火提议,俄方也必须无条件接受。(完)
图说:2月24日,欧盟外交与安全政策高级代表卡拉斯在比利时布鲁塞尔出席新闻发布会。新华社记者赵丁喆摄