Connect with us

Africa & Middle East

ဂါနာနိုင်ငံတွင် ယာဉ် ၃စီးတိုက်မိ၍ လူ ၁၈ဦးသေ၊ ၇၀ဦးဒဏ်ရာရရှိ

ဂါနာနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အက်ရာ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ဂါနာနိုင်ငံ မြောက်ပိုင်း တွင် ဧပြီ ၁၄ရက် အစောပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး နှင့် အခြား ယာဉ် ၂စီး တိုက်မိခဲ့ရာ လူ ၁၈ဦး သေဆုံးပြီး အခြားလူ ၇၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဘတ်စ်ကား သည် အခြားယာဉ်၂စီးအား ကျော်တက်ရန် ကြိုးစားစဉ် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းဒေသရဲတပ်ဖွဲ့ ဒုရဲမှူး မိုဟာမက်တန်ကို ကပြောကြားခဲ့သည်။ယာဉ်တိုက်မှုသည် မြောက်ပိုင်းဒေသ၏ မြို့တော် တာမေးလ်မြို့ အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117