Connect with us

Europe

မန်ချက်စတာယူနိုင်တက်အသင်း FA ဖလား ဗိုလ်လုပွဲသို့တက်ရောက်သွားပြီ


လန်ဒန် ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် ဧပြီ ၂ဝ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန် FA ဖလားအကြိုဗိုလ်လုပွဲစဉ်တစ်ခုဖြစ်သော မန်ချက်စတာယူနိုက်တက်အသင်း နှင့် တော့တင်ဟမ်ဟော့စပါးအသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်းက ၂ ဂိုး – ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ဗိုလ်လုပွဲစဉ်သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ယင်းပွဲစဉ်အတွက် အဖွင့်ဂိုးကို စပါးအသင်းမှ ကျောနံပတ် ၂ဝ ဒဲလ်( DELE ) က ပထမပိုင်း ပွဲကစားချိန် ၁ဝ မိနစ်တွင် ဗွေဆော်ဦးသွင်းယူပေးခဲ့သော်လည်း မန်ယူအသင်းမှ ကွင်းလယ်ကစားသမား ဆန်းချက်က ပထမပိုင်း ၂၃ မိနစ်တွင်လည်းကောင်း ၊ ဒုတိယပိုင်း ၆၁ မိနစ်တွင် အန်ဒါဟာရဲယားကလည်းကောင်း အသီးသီးပြန်လည်သွင်းယူခဲ့ပြီး ပွဲရလဒ်ကို ပြောင်းလဲပစ်နိုင်ခဲ့သည်။

မန်ယူ နှင့် စပါးအသင်း တို့၏ FA ဖလားအကြိုဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုကို တွေ့ရစဉ်(ဆင်ဟွာ)

မန်ယူ နှင့် စပါးအသင်း တို့၏ FA ဖလားအကြိုဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုကို တွေ့ရစဉ်(ဆင်ဟွာ)

မန်ယူ နှင့် စပါးအသင်း တို့၏ FA ဖလားအကြိုဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုကို တွေ့ရစဉ်(ဆင်ဟွာ)

ယခုပွဲစဉ်တွင် အနိုင်ရခဲ့သော မန်ယူအသင်းသည် FA ဖလား ဗိုလ်လုပွဲကို အကြိမ် ၂ဝ မြောက် တက်ရောက်ခွင့်ရခဲ့သည့် စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်သွားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117