Africa & Middle East
အနောက်နိုင်ငံများ၏ ဖိအားပေးမှုများ ရှိနေသည့်တိုင် ဂါဇာ၌ စစ်ဆင်ရေးသစ် ဆက်လက်ဖော်ဆောင်မည်ဟု အစ္စရေး ပြော

ဂျေရုဆလမ်၊ မေ ၂၁ ရက် (ဆင်ဟွာ)
ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါနိုင်ငံတို့၏ ဖိအားပေးမှုများ ရှိလင့်ကစား ဂါဇာကမ်းမြောင်ဒေသ၌ ဆင်နွှဲနေသော စစ်ဆင်ရေးသစ်အား ရပ်တန့်မည်မဟုတ်ဟု အစ္စရေးအစိုးရက မေ ၂၀ ရက်၌ ပြောကြားခဲ့သည်။
“အစ္စရေးဟာ အလုံးစုံအောင်ပွဲရတဲ့အထိ သင့်တော်တဲ့ နည်းလမ်းတွေနဲ့ မိမိကိုယ်ကိုယ် ဆက်လက်ကာကွယ်သွားမှာပါ” ဟု အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အစ္စရေး၏ မဟာမိတ်သုံးနိုင်ငံဖြစ်သည့် ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ စတင်ခဲ့သည့် Gideon’s Chariots ဟု အမည်ရသော အစ္စရေး၏ ဂါဇာ စစ်ဆင်ရေးသစ်အား ရပ်တန့်ရန် တိုက်တွန်းထားသည့် ပူးတွဲကြေညာချက်တစ်စောင်ကို မကြုံစဖူး ထုတ်ပြန်ခဲ့ပြီးနောက် နေတန်ယာဟု၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေး၏ ရည်မှန်းချက်မှာ ဂါဇာ၏ အချက်အချာကျသော နေရာများကို သိမ်းယူခြင်း၊ ဂါဇာဒေသခံ အများစုကို တောင်ပိုင်းသို့ ပြောင်းရွှေ့စေခြင်း၊ အစ္စရေး၏ တင်းတင်းကျပ်ကျပ် ကြီးကြပ်မှုအောက်တွင် လူသားချင်းစာနာမှု အကူအညီများ ပြန်လည်ပေးဝေခြင်းတို့ ဖြစ်သည်ဟု အစ္စရေးက ပြောဆိုထားသည်။
“အစ္စရေးအနေနဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင်မှုကို ရပ်တန့်ပြီး လူသားချင်းစာနာမှု အကူအညီတွေအပေါ် ကန့်သတ်မှုတွေကို ရုပ်သိမ်းခြင်းမရှိဘူးဆိုရင် မိမိတို့အနေနဲ့ ခိုင်မာတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ထပ်မံလုပ်ဆောင်သွားမှာပါ” ဟု သုံးနိုင်ငံ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။
ထိုစဉ် ဂါဇာဒေသ၌ အစ္စရေးက စစ်ဆင်ရေးအရှိန်မြှင့်ကာ ပိတ်ဆို့ဝန်းရံမှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် အစ္စရေးနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ယာယီရပ်ဆိုင်းကြောင်း ဗြိတိန်က ကြေညာခဲ့သည့်အပေါ် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုရန် မာမိုစတိန်းက ဗြိတိန်၏ ဆုံးဖြတ်ချက်မှာ “ဝမ်းနည်းစရာ” ပင်ဖြစ်ကြောင်း X ဆိုရှယ်မီဒီယာ ပလက်ဖောင်း၌ တုံ့ပြန်ပြောကြားခဲ့ပြီး မိမိတို့၏ ရပ်တည်ရှင်သန်မှုကို ကာကွယ်ရေး၊ မိမိတို့ကို ပျက်သုဉ်းအောင် လုပ်ဆောင်ရန် ကြိုးပမ်းနေသော ရန်သူများ၏ အန္တရာယ်မှ လုံခြုံမှုရှိရေးအတွက် ကာကွယ်နေသည့် လမ်းကြောင်းမှာ ပြင်ပဖိအားများကြောင့် သွေဖည်သွားမည်မဟုတ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။
ဟားမက်စ်အဖွဲ့နှင့် ဇန်နဝါရီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့် သက်တမ်းကုန်ဆုံးသွားပြီးနောက် ဂါဇာဒေသသို့ ကုန်ပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများ ဝင်ရောက်မှုကို အစ္စရေးက မတ် ၂ ရက်၌ ရပ်ဆိုင်းခဲ့သည်။ ထို့နောက် မတ် ၁၈ ရက်၌ အစ္စရေးက ဂါဇာအား တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရာ ယခုအချိန်အထိ သေဆုံးသူ ၃,၃၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၉,၃၅၀ ကျော် ရှိခဲ့ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
အစ္စရေးအနေဖြင့် “လူအစုလိုက်အပြုံလိုက် အစာရေစာပြတ်လပ်မှု” မဖြစ်စေရန်အတွက် ဂါဇာဒေသသို့ “အနည်းဆုံးနှင့် အခြေခံလိုအပ်သည့်” အကူအညီပစ္စည်း ပမာဏကို ဝင်ရောက်ခွင့်ပြုမည်ဟု နေတန်ယာဟုက မေ ၁၈ ရက်၌ ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ၏ အကူအညီပေးရေးယာဉ်ငါးစီးသည် လုံခြုံရေးစစ်ဆေးမှုများ ခံယူပြီးနောက် မေ ၁၉ ရက်၌ အစ္စရေး၏ ကီရမ်ရှာလုံ နယ်စပ်ဂိတ်မှတစ်ဆင့် ဂါဇာဒေသသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး၊ ဟားမက်စ်အဖွဲ့အား ချေမှုန်းရေး စသည့် ရည်မှန်းချက်များ အထမြောက်ရေးအတွက် အတိုင်းအတာနှင့် အင်အား မတူညီသော စစ်ဆင်ရေးအဆင့်သစ်ကို ဖော်ဆောင်နေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က မေ ၂၀ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂျာဘလီယာ ဒုက္ခသည်စခန်းရှိ အစားအသောက် ဝေငှပေးသော နေရာတစ်ခု၌ အခမဲ့ကျွေးမွေးသော အစားအသောက်များကို ရယူနေသည့် ပါလက်စတိုင်းပြည်သူများကို ၂၀၂၅ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
Israel says to continue new military campaign in Gaza despite Western pressure
JERUSALEM, May 20 (Xinhua) — The Israeli government said Tuesday that it will not stop its new military campaign in the Gaza Strip despite pressure from Britain, France, and Canada.
“Israel will continue to defend itself by just means until total victory is achieved,” Israeli Prime Minister Benjamin Netanyahu said in a statement released by his office.
Netanyahu’s remarks came as Britain, France, and Canada — three allies of Israel — issued a rare joint statement on Monday calling on Israel to halt its new military campaign in Gaza, dubbed Gideon’s Chariots and launched over the weekend, which Israel said aims to seize key parts of Gaza, push a majority of Gaza’s population further south, and resume humanitarian aid distribution under stricter Israeli oversight.
“If Israel does not cease the renewed military offensive and lift its restrictions on humanitarian aid, we will take further concrete actions in response,” said the joint statement.
Meanwhile, in response to Britain’s announcement of pausing free trade talks with Israel on Tuesday due to the ongoing military escalation in and blockade on Gaza, Israeli Foreign Ministry spokesperson Oren Marmorstein said on social media platform X that the British decision is “regrettable,” stressing “external pressure will not divert Israel from its path in defending its existence and security against enemies who seek its destruction.”
Israel halted the entry of goods and supplies into Gaza on March 2, following the expiration of the first phase of a January ceasefire agreement with Hamas. It resumed attacks on Gaza on March 18, which have so far killed more than 3,300 people and injured over 9,350, according to the Gaza-based health authorities.
On Sunday, Netanyahu said Israel would allow the entry of a “minimal and basic” quantity of aid into Gaza to prevent “images of mass starvation.” On Monday, five UN aid trucks entered Gaza through Israel’s Kerem Shalom border crossing after undergoing security inspections.
Earlier on Tuesday, the Israeli military said it is “entering a new phase (of operation), different in size and strength,” to achieve its objectives of returning the hostages and defeating Hamas.
English Caption 1
The photo released by Israel Defense Forces on May 19, 2025 shows Israeli troops during an operation in the Gaza Strip. (Israel Defense Forces/Handout via Xinhua)
English Caption 2
Palestinians receive free food at a food distribution center in Jabalia refugee camp, northern Gaza Strip, on May 19, 2025. (Photo by Abdul Rahman Salama/Xinhua)