Connect with us

World

ကမ္ဘာ့ စီးပွားရေး၊ ရေနံဈေးများ ၂၀၁၆ ခုနှစ်တွင် ပြန်လည် ကောင်းမွန်မည်ဟု ယူအေအီးနိုင်ငံ စီးပွားရေး ဝန်ကြီး ပြောကြား

စက်သုံးဆီ အရောင်းဆိုင် တစ်ခုတွင် မော်ယာဉ်တစ်စီးအား ဆီဖြည့်နေစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နှင့် အခြားနိုင်ငံများအနေဖြင့် စီးပွားရေး အလျင် အမြန် ဖွံ့ဖြိုးလာမည်ဟု မျှော်မှန်းထားသောကြောင့် ကမ္ဘာ့ စီးပွားရေးသည် ၂၀၁၆ ခုနှစ်တွင် တိုးတက်လာနိုင်ကြောင်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (United Arab Emirates= UAE) ၏ စီးပွားရေး ဝန်ကြီးက အောက်တိုဘာ ၂၆ ရက် က ပြောကြားလိုက်သည်။

“ကမ္ဘာ့ စီးပွားရေးဟာ အသေအချာကို ပြန်လည် ကောင်းမွန်လာမှာပါ၊ ၂၀၁၆ ခုနှစ် သို့မဟုတ် လာမဲ့ နှစ် ဒုတိယ နှစ်ဝက်မှာ တရုတ်နိုင်ငံနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တခြားနိုင်ငံတွေ အတော်များများရဲ့စီးပွားရေးတွေ ပြန်လည် ကောင်းမွန်လာဖို့ မျှော်မှန်းထားပါတယ်” ဟု အောက်တိုဘာလ ၂၅ ရက်နေ့က ဒူဘိုင်းတွင် ပြုလုပ်သော ကမ္ဘာ့ စီးပွားရေး ဖိုရမ်၌ ပြောသည်။

လက်ရှိ ရေနံဈေးနှုန်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၀ ဝန်းကျင် ရှိနေခြင်းသည် ယူအေအီးနိုင်ငံ နှင့် ကျန်သော ကမ္ဘာ့ နိုင်ငံများအတွက် စိန်ခေါ်မှု ဖြစ်နေကြောင်းလည်း သူကပြောသည်။

သို့သော် ၎င်းက ရေနံဈေးနှုန်းအား ပြန်လည် ဆွဲတင်နိုင် လိမ့်မည်ဟု ခန့်မှန်းထားကြောင်းလည်း မှတ်ချက်ပြု ထားသည်။

ယူအေအီး နိုင်ငံတွင် လာမည့် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း ဈေးကွက်ရှိ ရေနံဝေစု ပိုမို လျှော့ချရေး အတွက် အစီ အစဉ် တစ်ခုအား ချမှတ်ထားကြောင်း သိရသည်။လက်ရှိတွင် ကမ္ဘာ့ ရေနံသိုက်များ၏ ၇ ရာခိုင်နှုန်း တည်ရှိနေသည့် ယူအေအီး နိုင်ငံတွင် ရေနံထုတ်လုပ်မှု တန်ဖိုးသည် နိုင်ငံ၏ အမျိုးသား အသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) ၏ ၂၉ ရာခိုင်နှုန်းရှိသည်။

ပြီဒခဲ့သော ရက်သတ္တပတ်က နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အရှေ့အလယ်ပိုင်းနှင့် အာရှအလယ်ပိုင်း ဒေသ၏ ညွှန်ကြားရေးမှူး မာဆွတ် အာမန်က ယူအေအီး နိုင်ငံတွင် ဂျီဒီပီ၏ ၃.၅ ရာခိုင်နှုန်း လိုငွေပြခဲ့ပြီး လာမည့် နှစ်များတွင် ရေနံ ဈေးနှုန်းများအား ဆွဲမတင် နိုင်ခဲ့ဘူးဆိုလျှင် အဆိုပါ ကိန်းဂဏန်းသည် ထပ်မံတိုး နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117