Africa & Middle East
ဆီးရီးယားတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အစ္စရေး ဝန်ကြီးချုပ် ဆို

ဂျေရုဆလမ်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က လတ်တလောရက်ပိုင်းတွင် ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ ပစ်မှတ်များအား စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ဆီးရီးယားအစိုးရ လက်နက်ကိုင်တပ်ဖွဲ့က ဒရုဇ်အသိုင်းအဝိုင်းများ စုစည်းရာဒေသသို့ ဝင်ရောက်ခြင်းအား တားဆီးရန် ရည်ရွယ်ကြောင်း၊ အဆိုပါဒေသတွင် “စစ်ရေးလုပ်ဆောင်မှုမရှိခြင်း” အား အာမခံပေးရန်နှင့် ဒရုဇ်အသိုင်းအဝိုင်းအား ကာကွယ်ပေးရန်အတွက် အစ္စရေးစစ်တပ်အနေဖြင့် လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေး၏ ဆီးရီးယားအပေါ် မူဝါဒတွင် အဓိကအခြေခံမူ နှစ်ရပ်ရှိကြောင်း၊ ပထမတစ်ရပ်မှာ ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကပ်စ် တောင်ပိုင်း၊ ဂိုလန်ကုန်းမြင့်မှ ဒရုဇ်တောင်တန်းဇုန်အထိ ဒေသတွင် “စစ်ရေးမဖော်ဆောင်မှု” ကို ထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ ဒုတိယတစ်ရပ်မှာ ဒရုဇ်လူမျိုး အသိုင်းအဝိုင်းအား ကာကွယ်ပေးခြင်းဖြစ်ကြောင်း နေတန်ယာဟုက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ဆီးရီးယားအစိုးရ လက်နက်ကိုင်တပ်ဖွဲ့က တောင်ပိုင်းသို့ တိုးချဲ့ကာ ဒရုဇ်ပြည်သူများအား တိုက်ခိုက်မှုကို “လုံးဝလက်ခံနိုင်ဖွယ်မရှိ” ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၎င်းအနေဖြင့် အစ္စရေးစစ်တပ်ကို “အားကောင်းသော တိုက်ဖျက်ရေး လှုပ်ရှားမှု” လုပ်ဆောင်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကပင် လက်ရှိ အပစ်ရပ်မှုကို ဖြစ်လာစေခြင်းဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ အစ္စရေးသည် လက်နက်အင်အားဖြင့် ငြိမ်းချမ်းရေးကို လဲလှယ်ရယူလာခြင်းဖြစ်ကြောင်း၊ “ဒါက ကျွန်တော်တို့ရဲ့ အနာဂတ်မူဝါဒ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။
ယခုလ ၁၃ ရက်တွင် ဆီးရီးယားနိုင်ငံ တောင်ပိုင်း ဆွီဒါပြည်နယ်တွင် ဒရုဇ်လက်နက်ကိုင်တပ်ဖွဲ့နှင့် ဘေဒူအင်မျိုးနွယ်စုတို့ ပဋိပက္ခ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ ထို့နောက် ဆီးရီးယားအစိုးရ ပြည်ထဲရေးနှင့် ကာကွယ်ရေးဌာန လက်နက်ကိုင်တပ်ဖွဲ့များက ပါဝင်လာပြီး ဒရုဇ်လက်နက်ကိုင်တပ်ဖွဲ့နှင့် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်။
အစ္စရေးသည် ဒရုဇ်အသိုင်းအဝိုင်းအား ကာကွယ်ရန်နှင့် ဆီးရီးယားအစိုးရလက်နက်ကိုင်တပ်ဖွဲ့များ ဆီးရီးယားနိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်ခြင်းအား ငြင်းပယ်ရန် အကြောင်းပြချက်ဖြင့် ပဋိပက္ခတွင် ပါဝင်လာခဲ့သည်။ အစ္စရေးစစ်တပ်သည် ဇူလိုင် ၁၆ ရက်တွင် ဒမတ်စကပ်စ်မြို့ရှိ “သမ္မတအိမ်တော်” အနီးတစ်ဝိုက်ဒေသနှင့် “စစ်ဦးစီးချုပ်ရုံး” အဆောက်အဦတို့အား အပြင်းအထန် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ ထိုနေ့တွင်ပင် ဆီးရီးယားအစိုးရ ပြည်ထဲရေးဌာနက အဆိုပါပြည်နယ်၌ အပစ်ရပ်သဘောတူညီချက် အသစ်ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ (Xinhua)

ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကပ်စ်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုပြီးနောက် မီးခိုးလုံးများ တက်လာသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————
(Chinese Version)
以色列总理说将继续在叙采取军事行动
新华社耶路撒冷7月17日电(记者冯国芮 王卓伦)以色列总理内塔尼亚胡17日表示,以军近日对叙利亚南部目标发动军事打击,旨在阻止叙政权武装进入德鲁兹人聚居区。以军将继续采取行动,确保该地区“非军事化”和保护德鲁兹人群体。
内塔尼亚胡在一份声明中说,以色列对叙利亚政策有两项核心原则,一是确保叙利亚首都大马士革以南、从戈兰高地到德鲁兹山区的地区保持“非军事化”,二是保护德鲁兹人群体。他表示,“绝不能接受”叙政权武装向南推进并袭击德鲁兹居民。
内塔尼亚胡说,他已指示以军展开“强有力的打击行动”,而正是这场打击促成了目前的停火。他强调以色列以武力换来和平,“这将是我们今后的政策”。
本月13日,叙利亚南部苏韦达省德鲁兹武装派别和贝都因部落爆发激烈冲突,叙政权内政和国防部门武装随后介入,并与一些德鲁兹武装派别交火。以色列以保护德鲁兹人和拒绝叙政权武装进入叙南部为由介入冲突。16日,以军对大马士革的叙“总统府”附近地区和“总参谋部”大楼发动猛烈空袭。同日,叙政权内政部门宣布在该省达成新的停火协议。(完)
1、这是7月16日在叙利亚首都大马士革拍摄的在以色列空袭中受损的叙“总参谋部”大楼。新华社发(阿马尔·萨法尔贾拉尼摄)
2、这是7月16日在叙利亚大马士革拍摄的以军袭击后升起的烟雾。新华社发(阿马尔·萨法尔贾拉尼摄)