Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ ၌ စက်ရုံမီးလောင်၊ လူ ၃၀ နီးပါး ဒဏ်ရာရရှိ

အစ္စလမ်မာဘတ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိတွင် သြဂုတ် ၂၁ ရက်က မီးရှူးမီးပန်းစက်ရုံတစ်ရုံ၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၃၀ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးသမားများနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများ က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့တာဝန်ရှိသူများပြောကြားချက်အရ မီးရှူးမီးပန်းစက်ရုံ၌ ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုကြောင့် ကြီးကြီးမားမား မီးလောင်ကျွမ်းရာမှ လူ ၃၀ နီးပါးဒဏ်ရာရရှိခဲ့ပြီး အနီးဝန်းကျင်ရှိ အဆောက်အအုံနှင့် မော်တော်ယာဥ် အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားပြီးနောက် မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဥ်များ၊ လူနာတင်ယာဥ်များနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်း ရောက်ရှိလာပြီး ဒဏ်ရာရသူများအား အနီးအနားဆေးရုံများသို့ ရွှေ့ ပြောင်း ပေးခဲ့သည်။
မီးငြှိမ်းသတ်ခြင်းနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်စဥ်တွင် အဆိုပါနေရာအား ဥပဒေ ထိန်းသိမ်းရေး‌‌အဖွဲ့များက ပိတ်ဆို့ စောင့်ကြပ်ခဲ့သည်။ ပေါက်ကွဲမှုဖြစ်ရသည့်အကြောင်းရင်းနှင့် နောက်ဆက်တွဲ မီးလောင်ကျွမ်းမှုအပေါ် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများသွက်လက်မြန်ဆန်စေရန် မီးလောင်မှု ဖြစ်ပွားရာဒေသသို့ သွားရာ အဓိက လမ်းမကြီးတစ်ခုကို ရဲတပ်ဖွဲ့က ပိတ်ထားခဲ့ပြီး အဆင်မပြေမှုများ ရှောင်ရှားနိုင်ရန် မြို့သူမြို့သားများအား လမ်းလွှဲမှသွားလာကြရန် လမ်းညွှန်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………..
(English Version)
Nearly 30 injured in factory fire in Pakistan’s Karachi
ISLAMABAD, Aug. 21 (Xinhua) — At least 30 people were injured after a blaze erupted in a fireworks factory in Pakistan’s southern port city of Karachi on Thursday, rescue and police officials said.
According to the police officials, a powerful explosion at a fireworks factory triggered a massive fire, leaving nearly 30 people injured and causing extensive damage to nearby buildings and vehicles.Following the incident, rescue teams along with fire brigade vehicles and ambulances immediately reached the spot and shifted the injured to nearby hospitals.
The law enforcement agencies have cordoned off the area as firefighting and rescue efforts continue. An investigation into the incident has been launched to determine the cause of the explosion and subsequent spread of the fire.
To expedite rescue activities, police have also closed a major road leading to the affected area, directing citizens to take alternate route options to avoid inconvenience.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.