Connect with us

Politics, Law & Military

မိမိတို့ နေအိမ်မှသာ မဲစာရင်း ရလဒ်ကို စောင့်မျှော် လက်ခံကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပန်ကြားချက် ထုတ်ပြန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ရောက်ရှိနေသော မဲဆန္ဒရှင် ပြည်သူများ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် အောင်ပွဲခံရန် ရောက်လာခြင်းကို အထူး ကျေးဇူး တင်ကြောင်း၊ မဲစာရင်း ရေတွက် မပြီးသေးပါသဖြင့် မိမိတို့ နေအိမ်မှသာ မဲစာရင်း ရလဒ်ကို စောင့်မျှော် လက်ခံကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက အဆိုပါ ပန်ကြားချက်ကို ပြည်သူများအား ဖတ်ကြား ပြခဲ့သည်။

ဦးတင်ဦးက “ကျွန်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ပါတီဝင်နဲ့ ပြည်သူလူထုကို ဖတ်ကြားပြတာပါ။ ကြားဖြတ် ရွေးကောက်ပွဲတုန်းက ၄၃ နေရာတည်းရှိတော့ တစ် ညတည်း ကြေညာနိုင်တယ်။ အခုကတော့ ထောင်ချီရှိတော့ ချက်ချင်း မပြီးနိုင်သေးလို့ပါ ’’ ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် လမ်းအပြည့်နီးပါး လာရောက် စောင့်မျှော်နေကြသည့် ပြည်သူတွေဟာ NLD ရုံးကို မွန်းလွဲ ၃ နာရီ ဝန်းကျင်လောက် ကစ၍ စောင့်နေကြသည်မှာ ယခုအချိန်တွင် လမ်းအပြည့် နီးပါး ရှိနေပြီး၊ NLD ရုံးရှေ့တွင် ဖွင့်ပြထားသည့် Sky Net ၏ Up to Date ကြည့်ရင်း မဲအဖြေ ထွက်သလောက်ကို စောင့်မျှော်နေကြကြောင်း တွေ့ရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117