Connect with us

Politics, Law & Military

ရွေးကောက်ပွဲ မဲစာရင်း ရေတွက်ပြီးချိန် မဲဆန္ဒနယ် အများအပြား ရလဒ်ထင်ရှားလာ

ရွေးကောက်ပွဲအပြီး ရန်ကုန်ရှိ မဲရုံတစ်ရုံ၌ မဲစာရင်းများ ရေတွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ယခု ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် တည်ငြိမ် အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့ပြီးနောက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေး ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများနှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် လောင်းများ၏ ယှဉ်ပြိုင်မှု မဲရလဒ်များသည် ရွေးကောက်ပွဲ ပြီးဆုံးသည့် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်း အချိန်တွင် တရားဝင် မဲအရေအတွက် စာရင်း ထုတ်ပြန်နိုင်သည့် အခြေအနေ မရှိသေးသော်လည်း ပဲခူးတိုင်း ၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်များတွင် အနိုင်/အရှုံး ရလဒ် အချို့သိသာ ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သူ သူရဦးရွှေမန်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပဲခူးတိုင်း ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာတွင် ၎င်း၏ ယှဉ်ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဦးသန်းညွှန့် အနိုင် ရရှိသွားခဲ့သည့် အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ကိုယ်တိုင်ချီးကျူး စကားပြောကြား ခဲ့ကြောင်း ဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ယနေ့နံနက်ပိုင်း အချိန်တွင် ပြန်လည် ဖော်ပြခဲ့သည်။

ဖြူးမြို့နယ်မှ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သော ဦးသန်းညွှန့်က “ဒီနေ့မနက်ပိုင်းမှာပဲ ကျွန်တော်တို့ မြို့နယ် ကော်မရှင် ဥက္ကဌက အနိုင်ရ သွားတယ်လို့ပြောလို့ ရပါပြီလို့လာပြောပါတယ်။ အဲဒါကြောင့် ကျွန်တော် နိုင်သွားပြီလို့ပြောလို့ရနိုင်ပါပြီ။ မဲစာရင်း ရလဒ် အတိအကျကတော့ နောက် နှစ်ရက်လောက် နေမှ ရမှာပါ ”ဟု ဆင်ဟွာသို အတည်ပြု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအပြီး နေပြည်တော်ရှိ မဲရုံတစ်ရုံ၌ မဲစာရင်းများ ရေတွက်နေစဉ် (ဆင်ဟွာ)

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်၌ ဆန္ဒမဲ ပေးနိုင်သည့် မဲရုံ စုစုပေါင်း ၂၁၁ ရုံ ရှိသည့်အနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် သူရ ဦးရွှေမန်းသည် မဲရုံ ၆၄ ရုံ အနိုင်ရရှိ၍ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကိုကိုကျော်သည် မဲရုံ ၂၅ ရုံတွင် အနိုင်ရရှိခဲ့ပြီး ကျန်ရှိသော မဲရုံ ၁၂၂ ရုံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဦးသန်းညွှန့်သည် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန် တောင်ပိုင်းခရိုင် အတွင်းရှိ ကော့မှူးမြို့နယ် ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်မြေနေရာတွင် ယှဉ်ပြိုင်ဘက်များထက် ဆန္ဒမဲအသာဖြင့် အနိုင် ရရှိသွားကြောင်း သတင်းရရှိသည်။
ကော့မှူး မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ကိုးသောင်းကျော် ရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်သည် ၅၄,၆၇၆ မဲဖြင့် လည်းကောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးကျော်ဇင်ဟိန်းသည် ၁၅,၃၁၂ မဲဖြင့် လည်းကောင်း ၊ အမျိုးသား တိုးတတ်ရေး ပါတီမှ ဒေါ်ယုယုခိုင်သည် ၅၁၅ မဲဖြင့် လည်းကောင်း ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတတ်ရေး ပါတီမှ ဦးညီညီဝင်းသည် ၅၁၃ မဲဖြင့် လည်းကောင်း ၊ ခေတ်သစ် ပြည်သူ့ပါတီမှ ဒေါ်ရီရီစံသည် ၂၉၃ မဲ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တိုင်းရင်းသား နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည့် ရခိုင်အမျိုးသား ပါတီ (ALP)မှ ရခိုင်ပြည်နယ် မာန်အောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာ အေးမောင်မှာ မဲရလဒ် အခြေအနေ မကောင်းစွာဖြင့် ရှုံးနိမ့်နေသည့် အခြေအနေ ရှိသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယှဉ်ပြိုင်ခဲ့သော ပါတီ အနေဖြင့် အခြေအနေကောင်းများ ရှိနေသည်ဟု သိရသည်။
“ကျွန်တော်ကတော့ အဝေးရောက်နေလို့မဲစာရင်း ရလဒ် သေချာတော့ မသိပါဘူး။ ဒါပေမယ့် ခိုင်လုံပါတယ်။ ကျွန်တော်ကို ပါတီက လှမ်းအကြောင်းကြားတာကတော့ မာန်အောင်မှာ ကျွန်တော် အခြေအနေ မကောင်းတော့ပါဘူး။ ရှုံးတယ်ဆိုတဲ့ သဘောရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နိုင်သွားပါတယ် ”ဟု ဒေါက်တာ အေးမောင်က ဆင်ဟွာသို့ယနေ့ နံနက်ပိုင်းတွင် အတည်ပြု ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ (ALP) သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၇၇ နေရာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်ပြည်နယ်၌ ၂၄ နေရာ အနိုင်ရရှိခဲ့ပြီး ၊ ပလက်ဝနှင့် ရန်ကုန်တို့တွင်လည်း အနိုင်ရရှိနေကြောင်း ပါတီမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117