Connect with us

Politics, Law & Military

မဲပေးပြီးသော ပြည်သူများ အဆုံးအဖြတ်ကို ဆက်လက် ဆောင်ရွက်ရန် ရလဒ်ကို အားလုံး လက်ခံရန်လိုဟု သမ္မတ ပြောရေးဆိုခွင့် ရှိသူဆို

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် ဆန္ဒမဲပေးနေစဉ် (ဓာတ်ပုံ- ဦးရဲထွဋ် Facebook)

နေပြည်တော်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ မဲပေးခဲ့သည့် ပြည်သူများ အဆုံးအဖြတ်ကို ဆက်လက် ဆောင်ရွက်ရန် ရလဒ်ကို အားလုံး လက်ခံရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ဆင်ဟွာသို့ ပြောကြားသည်။

၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲကို မဲဆန္ဒရှင်များ တက်တက်ကြွကြွ မဲပေးမှုကြောင့် ဝမ်းမြောက်ရကြောင်း ၎င်းကဆိုသည်။ယနေ့ ရွေးကောက်ပွဲ၌ မဲပေးရာတွင် အခက်အခဲ အနည်းငယ်ရှိသော်လည်း ယင်းအခက်အခဲကို ရွေးကောက်ပွဲ ကော်မရှင်၊ ပါတီများ ဝိုင်းဝန်း ဖြေရှင်းပေးခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

မဲပေးထားပြီး ပြည်သူများ၏ အဆုံးအဖြတ်ကို ဆက်လက် အကောင်အထည်ဖော်ပေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းဖြင့်ကျင်းပပြီး ထွက်ပေါ်လာသော ရလဒ်ကို အားလုံးလက်ခံရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

ယနေ့ ကျင်းပခဲ့သည့် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၇၂၈ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၁၀ ဦး အပါအဝင် စုစုပေါင်း ၆,၀၃၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း ၃၃ သန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117