Connect with us

Politics, Law & Military

အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး နိုင်ငံ့ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ပါတီ ဌာနချုပ်ရှေ့၌ နှုတ်ခွန်းဆက် စကားပြောနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စု လွှတ်တော် နာယက ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် လာမည့် တစ်ပတ်အတွင်း တွေ့ဆုံ ဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က စာပေးပို့၍ တောင်းဆိုလိုက်ကြောင်း NLD မှ ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲမှ တဆင့် ဖော်ထုတ်ခဲ့သည့် လူထု ဆန္ဒကို တည်ငြိမ်အေးချမ်း မှန်ကန်စွာ အကောင်အထည် ဖော်ခြင်းမှာ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပြည်သူပြည်သားများ၏ နှလုံးစိတ်ဝမ်း အေးချမ်း၍ အတွက် အလွန် အရေးကြီးပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုသည့် စာတွင် ဖော်ပြထားကြောင်း သိရသည်။

ထို့ကြောင့် လာမည့် အပတ်အတွင်း အဆင်ပြေသည့် အချိန်တွင် လာရောက် တွေ့ဆုံနိုင်ရေး စီစဉ်ပေးပါရန် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စု လွှတ်တော် နာယက ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တစ်ဦးချင်းစီထံသို့နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် လက်မှတ်ရေးထိုးပေးပို့လိုက်ကြောင်း သိရသည်။

ယခု ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ယနေ့နံနက် အထိ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် သုံးရပ် အတွက် အနိုင်ရ ကိုယ်စားလှယ် ၃၉၄ ဦး ကြေညာပြီးသည့် အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၃၄၅ ဦး နေရာတွင် အနိုင်ရရှိထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117