Connect with us

Africa & Middle East

၂၀၁၄ ခုနှစ်အတွင်းက ဖမ်းဆီးခံခဲ့ရသည့် အစ္စရေးစစ်သား၏ရုပ်အလောင်းကို ဟားမက်စ်အဖွဲ့ ပြန်လည် ရှာဖွေတွေ့ရှိ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ယာယီဒုက္ခသည်စခန်းတစ်ခုမှ မိန်းကလေးငယ်တစ်ဦးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂါဇာ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် ပဋိပက္ခအတွင်း ဖမ်းဆီးရမိခဲ့သော အစ္စရေးစစ်သားတစ်ဦး၏ ရုပ်အလောင်းကို ဂါဇာဒေသ တောင်ပိုင်း ရာဖာမြို့တွင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်းမှ အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှု အဖွဲ့ (ဟားမက်စ်) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော အယ်ကာဆမ်တပ်မဟာက နိုဝင်ဘာ ၈ ရက်က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဟားမက်စ်အုပ်စုနှင့်နီးစပ်သော သတင်းရင်းမြစ်၏ ပြောကြားမှုအရ သိရသည်။

အမည်မဖော်လိုသည့် အဆိုပါသတင်းရင်းမြစ်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့မှုအရ ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကိုကြည့်ပြီး ရှာဖွေတွေ့ရှိခဲ့သော အစ္စရေးစစ်သားမှာ ဟာဒါဂိုးလ်ဒင်းဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ဂိုးလ်ဒင်း၏ ရုပ်အလောင်းဘေးတွင် အယ်ကာဆမ်တိုက်ခိုက်ရေးသမား ၆ ဦး၏ ရုပ်အလောင်းများကို လည်း တွေ့ရှိခဲ့ရကြောင်း အဆိုပါသတင်းရင်းမြစ်၏ ဆက်လက်ပြောကြားမှုအရသိရသည်။
အစ္စရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိပြီးနောက် အယ်ကာဆမ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့ဝင်များ အတူလိုက်ပါ၍ ဂိုးလ်ဒင်း၏ ကြွင်းကျန်ရစ်သော အစိတ်အပိုင်းများကိုရှာဖွေရန် နိုဝင်ဘာ ၈ ရက်အစောပိုင်းက ရာဖာမြို့အတွင်းသို့ ဝင်ရောက်လာပြီး ရုပ်အလောင်းပြန်လည်ရှာဖွေမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုသတင်းနှင့်ပတ်သက်၍ အစ္စရေးစစ်တပ်ထံမှ မှတ်ချက်တစ်စုံတစ်ရာကို ချက်ချင်းမရရှိသေးပေ။

ဂိုးလ်ဒင်းမှာ ၂၀၁၄ ဩဂုတ်လတွင် ရာဖာမြို့အရှေ့ပိုင်း၌ အယ်ကာဆမ်တိုက်ခိုက်ရေးသမားများနှင့် ထိ တွေ့တိုက်ပွဲဖြစ်ပွားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဟားမက်စ်အဖွဲ့က ဂိုးလ်ဒင်းအား ဖမ်းဆီးရရှိထားသည်ဟု ထုတ်ပြန်ကြေညာခဲ့သလို ၎င်း၏ ရိုင်ဖယ်သေနတ်ကိုလည်း စစ်ပွဲ၏ အောင်ပွဲရ ဆုဖလားတစ်ခုအဖြစ် ခင်းကျင်းပြသခဲ့သည်။ အစ္စရေးစစ်တပ်ကမူ ဂိုးလ်ဒင်းမှာ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုပြန်လည်ရှာဖွေသည့်လုပ်ငန်းစဥ်မှာ လွန်ခဲ့သည့် အောက်တိုဘာ ၁၀ ရက်က အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ခဲ့ပြီးနောက် ရာဖာမြို့တွင်ပြုလုပ်ခဲ့သည့် ပြန်လည်ရှာဖွေရေးလုပ်ငန်းနှင့်ပတ်သက်၍ ပထမဆုံးသတင်းထုတ်ပြန်မှုဖြစ်ခဲ့သည်။
ရာဖာမြို့နေရာအများစုမှာမူ အစ္စရေး၏ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သလို ကန့်သတ်ဧရိယာ တစ်ခုအဖြစ် သတ်မှတ်ထားဆဲဖြစ်ခြင်းကြောင့် မြို့ခံများအား ပြန်လည်ဝင်ရောက်နေထိုင်ရန် ခွင့်ပြုခြင်း မရှိသေးပေ။ (Xinhua)

…………………….
(English Version)
Hamas recovers body of Israeli soldier captured in 2014
GAZA, Nov. 8 (Xinhua)
The Al-Qassam Brigades, the armed wing of Hamas, recovered on Saturday the body of an Israeli soldier captured during the 2014 conflict, from a tunnel in the southern Gaza city of Rafah, a source from the group said.
The source, who requested anonymity, told Xinhua that the remains were identified as those of Israeli soldier Hadar Goldin.
According to the source, the bodies of six Al-Qassam fighters were also found alongside Goldin’s.
The recovery operation was carried out after Israeli authorities allowed Al-Qassam members, accompanied by teams from the International Committee of the Red Cross (ICRC), to enter Rafah earlier in the day to search for Goldin’s remains, the source added.
There was no immediate comment from the Israeli army.
Goldin was captured in August 2014 during clashes with Al-Qassam fighters in eastern Rafah. Hamas later announced his capture and displayed his rifle as a war trophy, while the Israeli army declared him killed.
This marks the first reported recovery operation in Rafah since a ceasefire took effect on Oct. 10. The city remains largely under Israeli control, and residents have yet to be allowed to return as it is still designated a restricted area. ■
Photo:
This photo taken on Feb. 10, 2024 shows a girl at a temporary camp in the southern Gaza Strip city of Rafah. (Photo by Yasser Qudih/Xinhua)