Africa & Middle East
သဲကန္တာရအတွင်း၌ အနာဂတ်တည်ဆောက်ခြင်း – ကူဝိတ်နိုင်ငံ ယွမ်ဘီလီယံချီ ခေတ်မီမြို့သစ်အား တရုတ်ကုမ္ပဏီ အားဖြည့်တည်ဆောက်ပေး
ကူဝိတ်စီးတီး၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ကူဝိတ်နိုင်ငံ မြို့တော်ကူဝိတ်စီးတီး၏ အနောက်တောင်ဘက် ၂၅ ကီလိုမီတာအကွာရှိ ကျယ်ပြောသော သဲကန္တာရအတွင်း၌ ၆၄ စတုရန်းကီလိုမီတာရှိသည့် ခေတ်မီမြို့ပြသစ် ကူဝိတ် South Saad Al-Abdullah မြို့ (အောက်ဖော်ပြပါသတင်းတွင် မြို့သစ် ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) သည် မြေပြင်ပေါ်တွင် ပုံပေါ်လျက်ရှိသည်။၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် China Energy Engineering Corporation Gezhouba Group သည် အဆိုပါမြို့သစ် အခြေခံအဆောက်အဦစီမံကိန်း ပထမအဆင့်အား လက်မှတ်ရေးထိုးခဲ့ပြီး တည်ဆောက်မှုလုပ်ငန်း တရားဝင်စတင်ခဲ့ကာ ၂၀၂၅ ခုနှစ် မတ်လတွင် အဆိုပါစီမံကိန်း၏ အဆင့်များစွာ၌ ဆက်လက်ပါဝင်တည်ဆောက်ခဲ့သည်။ ယင်းသည်လည်း တရုတ်နိုင်ငံ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် ကူဝိတ်နိုင်ငံ “၂၀၃၅ ခုနှစ် အမျိုးသားမျှော်မှန်းချက်” တို့ ချိတ်ဆက်မှုကို သက်ဝင်လှုပ်ရှားစွာ လက်တွေ့ဖော်ဆောင်မှုပင်ဖြစ်သည်။


ကူဝိတ်နိုင်ငံ၏ အရေးကြီးပြည်သူ့အကျိုးပြုစီမံကိန်းအနေဖြင့် အဆိုပါမြို့သစ် တည်ဆောက်ပြီးနောက် အနည်းဆုံး ဒေသခံပြည်သူပေါင်း ၁၅၀,၀၀၀ အတွက် လူနေအိမ်နှင့် တွဲဖက်ဝန်ဆောင်မှုများ ပံ့ပိုးပေးမည်ဖြစ်ရာ မြို့တော်ဒေသ၏ လူနေအိမ်ဖိအားကို များစွာပြေလျော့သွားစေမည်ဖြစ်သည်။
အုတ်မြစ်ခိုင်ခံ့စွာချမှတ်တည်ဆောက်ခြင်း၊ တိုင်ထောင် ငြမ်းတိုင်စင်ခြင်းဖြင့် တရုတ်နိုင်ငံမှ တည်ဆောက်သူများသည် ချွေးနှင့် လက်မှုပညာရှင်စိတ်ဓာတ်တို့ဖြင့် ကူဝိတ်နိုင်ငံ သဲကန္တာရထဲ၌ ခေတ်မီအသွင်ပြောင်းထားသော မြို့သစ်၏ ခန်းညားသောအသွင်ပုံစံကို ပုံဖော်ရေးသားလျက်ရှိကာ တရုတ်-ကူဝိတ် ပူးပေါင်းဆောင်ရွက်မှုအတွက် မှတ်ကျောက်တိုင်အသစ် တည်ဆောက်ပေးလိုက်ပေသည်။ (Xinhua)
—————————————-
(Chinese Version)
一带一路故事绘|在沙漠中建设未来——中国企业助力科威特打造百亿元现代化新城
新华社照片,科威特城,2025年11月12日
在科威特首都科威特城西南方向25公里处的广袤沙漠中,一座占地64平方公里的现代化新城——科威特南萨阿德阿卜杜拉新城(以下简称“新城”)正在拔地而起。
2023年底,中国能建葛洲坝集团签约这座新城基础设施项目第一标段并正式开工,并在2025年3月继续参与建设该项目数个标段。这也是中国“一带一路”倡议与科威特“2035国家愿景”对接的生动实践。作为科威特重大民生工程,这座新城建成后将为至少15万居民提供住房以及配套服务,并极大缓解首都地区的住房压力。
夯基垒台、立柱架梁,中国建设者正以汗水与匠心,在科威特沙漠中描绘一座现代化新城的壮丽轮廓,为中科合作铸就新的里程碑。
图说1:这是2025年11月1日在科威特杰赫拉省拍摄的南萨阿德阿卜杜拉新城基础设施项目施工现场(无人机照片)。 新华社发(陈此超摄)
图说2:2025年11月1日,在科威特杰赫拉省,工人在南萨阿德阿卜杜拉新城基础设施项目施工现场工作。新华社记者 刘磊 摄
图说3:2025年9月9日,在科威特阿卜杜拉新城项目地,中国能建葛洲坝集团员工查看项目规划图。新华社发(陈此超摄)
